ဘုရားသခင်ဟာ ဒံယေလရဲ့ဆုတောင်းခြင်းကို သူဆုတောင်းလို့မပြီးခင်မှာတောင် အဖြေပေးခဲ့ပြီး၊
ပင်တေကုတ္တေပွဲတော်နေ့မှာ ဆုတောင်းခြင်းရဲ့ရလဒ်အားဖြင့် လူပေါင်း(၃,၀၀၀)ကို
နောင်တရစေနိုင်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးကို ပေးခဲ့ပါတယ်။
ဒီလိုပါပဲ၊ ဘုရားသခင်ရဲ့အမှုတော်အားလုံးဟာ ဆုတောင်းခြင်းအားဖြင့်ပဲ
ပြီးမြောက်ခဲ့တယ်ဆိုတာကို ကျွန်ုပ်တို့ယုံကြည်ပြီး၊
အမြဲတမ်း စိတ်ထက်ထက်သန်သန်နဲ့ ဆုတောင်းဖို့လိုအပ်ပါတယ်
ဧလိယဟာ ရိုးသားတဲ့ဆုတောင်းခြင်းအားဖြင့်
မိစ္ဆာပရောဖက်(၈၅၀)ကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး၊
ယောရှုရဲ့ ထက်သန်တဲ့ဆုတောင်းခြင်းဟာ နေနဲ့လကို ရပ်တန့်စေခဲ့ပါတယ်။
ဒီအကြောင်းအရာတွေကနေတစ်ဆင့် ကျွန်တော်တို့တွေ့ရသလိုပဲ၊
ဘုရားသခင်ဟာ ကျွန်ုပ်တို့ဆီ အတားအဆီးအားလုံးကို
ကျော်ဖြတ်အောင်မြင်နိုင်တဲ့ စွမ်းရည်ကို ဆုတောင်းခြင်းအားဖြင့် ပေးတော်မူပါတယ်။
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။
တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။
ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။”
ရှင်မဿဲခရစ်ဝင် ၇:၇-၈
“ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင်၊
ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသောအခွင့် ရှိကြ၏။
ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊
နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့်၊
ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှ ရကြ၏။”
ရှင်ယောဟန်သြဝါဒစာပထမစောင် ၃:၂၁-၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်