ဣသရေလလူမျိုးတွေဟာ ရုပ်တုကိုးကွယ်ခြင်းကို နောင်တရပြီးတဲ့နောက် ပညတ်တော်ဆယ်ပါး ဒုတိယအစုံကို လက်ခံရရှိခဲ့ပြီး၊ ဘုရားသခင်ဆီကနေ အပြစ်ဖြေခြင်းကိုရရှိခဲ့တဲ့အတွက် ဘုရားသခင်ဟာ အဲဒီနေ့ကို အပြစ်ဖြေရာနေ့လို့ နာမည်ပေးခဲ့ပါတယ်။
သန့်ရှင်းသောပြက္ခဒိန်အရ သတ္တမလ ပထမနေ့ရဲ့ တံပိုးမှုတ်ပွဲဟာ နောက်ဆယ်ရက်အကြာမှာ အပြစ်ဖြေရာနေ့ဖြစ်တဲ့အတွက် လူအားလုံးက ဘုရားသခင်ဆီ နောင်တရရသင့်တယ်လို့ ဆိုလိုတဲ့အနေနဲ့ နောင်တရခြင်းရဲ့တံပိုးကို ကျယ်လောင်စွာမှုတ်ခဲ့တဲ့ ပွဲတော်ဖြစ်ပါတယ်။
မောရှေခေတ်က အပြစ်ဖြေရာနေ့မတိုင်ခင် ဆယ်ရက်ကြာ နောင်တရခြင်းတံပိုးကို မှုတ်ခဲ့တဲ့ ဣသရေလလူတွေလိုပဲ ကျွန်ုပ်တို့ဟာ အခု တစ်ကမ္ဘာလုံးကို ကယ်တင်ခြင်းခံရဖို့နဲ့ ဗတ္တိဇံနဲ့ ပဋိညာဉ်တရားသစ်ရဲ့ ပွဲတော်တွေအားဖြင့် စုံလင်တဲ့နောင်တရခြင်းကို အောင်မြင်နိုင်ဖို့အတွက် ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဆီကိုလာကြဖို့ တံပိုးမှုတ်ကြရမှာဖြစ်ပါတယ်။
သင်တို့သည်သတ္တမလ၊ ပထမနေ့ရက်၌တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုသ်နေ့ကို စောင့်ရကြမည်။
ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
ဝတ်ပြုရာကျမ်း ၂၃:၂၄-၂၅
ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။
ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် ၅:၃၁-၃၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်