ကောင်းကင်မှာ ဘုန်းကြီးတဲ့ပလ္လင်ပေါ်မှာ ထိုင်သင့်တဲ့ ဘုရားသခင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယေရှုခရစ်ရဲ့နာမနဲ့၊ ဒီနေ့ခေတ်မှာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်အဖြစ် လူ့ဇာတိနဲ့ ဒီမြေကြီးကို ကြွလာခဲ့ပြီး၊ လူသားတွေရဲ့ အပြစ်ခွင့်လွှတ်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် ပေးဆပ်မှုလမ်းကို တိတ်ဆိတ်စွာ လျှောက်လှမ်းတော်မူခဲ့ပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ဆီ ကောင်းကင်မျှော်လင့်ခြင်းကိုပေးတော်မူတဲ့ ဘုရားသခင်ကို အမြဲကျေးဇူးတင်တတ်တဲ့ ကျွန်တော်တို့ဖြစ်သင့်ပါတယ်။
ကြောက်စရာကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေထဲမှာလည်း ဝမ်းမြောက်မှုနဲ့ အာဇာနည်လမ်းကို လျှောက်လှမ်းခဲ့တဲ့ ကနဦးအသင်းတော် သန့်ရှင်းသူတွေနဲ့ အခက်အခဲနဲ့ စုံစမ်းခြင်းတွေရောက်လာတဲ့အချိန်တိုင်း ဘုရားသခင်ဆီ အမြဲတမ်း အရင်ဆုံး ကျေးဇူးတင်ခြင်းပေးခဲ့တဲ့ ဒါဝိဒ်မင်းကြီးရဲ့ ပုံသက်သေကို လိုက်ပြီး၊ ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ကျေးဇူးတင်တဲ့အသက်တာကို ရှင်သန်ပါတယ်။
အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
သက်သာလောနိတ်သြဝါဒစာပထမစောင် ၅:၁၆-၁၈
ကျေးဇူးချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။
ဆာလံကျမ်း ၅၀:၂၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်