ဣသရေလလူမျိုးတွေဟာ ရွှေနွားသူငယ်ရုပ်တုကို ကိုးကွယ်ခဲ့တဲ့အတွက်၊ မောရှေရရှိခဲ့တဲ့ ပထမ ပညတ်တော်ဆယ်ပါးဟာ ကျိုးပဲ့သွားခဲ့ပါတယ်။
ဣသရေလလူမျိုးတွေဟာ သူတို့ရဲ့အပြစ်တွေကို သိမြင်ပြီး နောင်တရပြီးတဲ့နောက်၊ မောရှေဟာ အပြစ်ခွင့်လွှတ်ခြင်းရဲ့လက္ခဏာအဖြစ် ဘုရားသခင်ခွင့်ပြုပေးခဲ့တဲ့ ပညတ်တော်ဆယ်ပါး ဒုတိယအစုံနဲ့အတူ ဆင်းလာခဲ့ပါတယ်။
ဒါဟာ အပြစ်ဖြေရာနေ့ရဲ့ မူလအစ ဖြစ်လာခဲ့ပါတယ်။
လူတစ်ယောက်က အပြစ်ကျူးလွန်တဲ့အခါ အဲဒီအပြစ်ကို အပြစ်ဖြေရာနေ့အထိ၊ သန့်ရှင်းရာဌာနဖြစ်တဲ့ ဘုရားသခင်ဆီကို ယာယီလွှဲပြောင်းပေးပါတယ်။
ယဇ်ပုရောဟိတ်က အသန့်ရှင်းဆုံးဌာနထဲကို ဝင်ပြီး အသွေးဖြန်းတဲ့အခမ်းအနားကို လုပ်ဆောင်ပြီးတဲ့နောက်မှာ၊ အပြစ်က လုံးလုံးလျားလျား ခွင့်လွှတ်ခံရပါတယ်။
အလားတူပါပဲ၊ ဒီနေ့မှာ၊ အလွန်သန့်ရှင်းရာဌာနဖြစ်တဲ့ အမေဘုရားသခင်၊ ယေရုရှလင်ရဲ့ကျေးဇူးတော်ကို မရရှိဘဲ ဘယ်သူကမှ အပြစ်ခွင့်လွှတ်ခြင်းနဲ့ ကယ်တင်ခြင်းကို မရရှိနိုင်ပါဘူး။
ထိုသို့ သန့်ရှင်းရာဌာနတော်အဖို့၊ ပရိသတ်စည်းဝေးရာတဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့၊ အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကို ဆောင်ခဲ့ရမည်။
အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်လျက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဖော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။
သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။
ဝတ်ပြုရာကျမ်း ၁၆:၂၀-၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်