ခရစ်တော်ရဲ့လမ်းကို မှန်မှန်ကန်ကန်စွာ လိုက်လျှောက်ဖို့အတွက် ကိုယ်ပိုင်လက်ဝါးကပ်တိုင်ကို ကျိန်းသေ ထမ်းရမှာဖြစ်ပါတယ်။
ဘုရားသခင်ဖြစ်တော်မူတဲ့ ယေရှုခရစ်တော်ကလည်း လူသားတွေရဲ့ကယ်တင်ခြင်းအတွက် ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ဝန်ထုပ်ကို ထမ်းခဲ့ပြီး မောရှေနဲ့ တမန်တော်ပေါလု စတဲ့ ယုံကြည်ခြင်းဘိုးဘေးတွေအားလုံးလည်း ဆင်းရဲဒုက္ခရဲ့ လက်ဝါးကပ်တိုင်ကို ဝမ်းမြောက်မှုနဲ့ အောင်မြင်ကျော်လွှားခဲ့သလိုမျိုး ကျွန်ုပ်တို့လည်း ကိုယ်ပိုင်လက်ဝါးကပ်တိုင်ကို ထမ်းပြီး ကယ်တင်ခြင်းအတွက် ဆင်းရဲဒုက္ခလမ်းကို လျှောက်လှမ်းရပါမယ်။
ခရစ်တော်ရဲ့လက်ဝါးကပ်တိုင်လမ်းကို လိုက်လျှောက်ပြီး ဆင်းရဲဒုက္ခအားလုံးကို ကောင်းချီးအဖြစ် မှတ်ယူခဲ့တဲ့ တမန်တော်ပေါလုလိုမျိုး ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ ဘယ်လိုအခိုက်အတန့်မှာမဆို ကိုယ့်လက်ဝါးကပ်တိုင်ကို ဝမ်းမြောက်စွာ ထမ်းပြီး ဘုရားသခင်အပေါ် ကျေးဇူးတင်ခြင်းကို မမေ့တဲ့ ခိုင်မာတဲ့ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရဲ့လမ်းနောက်ကို လိုက်ကြပါတယ်။
ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။ ရှင်မဿဲခရစ်ဝင် ၅:၁၀–၁၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်