ယေရှုခရစ်တော်က သံလွင်တောင်ပေါ်ကနေ ကောင်းကင်တက်သွားတာကို မျက်မြင်တွေ့ခဲ့တဲ့ တပည့်တော်တွေဟာ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို မဝတ်ဆင်ဘူးဆိုရင် ကမ္ဘာ့ဧဝံဂေလိက မပြီးမြောက်နိုင်ဘူးဆိုတာကို သိမြင်ပြီးတော့၊ ချီဆောင်ရာနေ့ကနေ ပင်တေကုတ္တေပွဲအထိ ဆယ်ရက်တိုင်တိုင် ကြိုးစားဆုတောင်းခဲ့ပြီး အရင်မိုးသန့်ရှင်းသောဝိညာဉ်တော်ကို တောင်းခံခဲ့ကြပါတယ်။
ဧလိယဟာ ကရမေလတောင်ပေါ်မှာ မိစ္ဆာပရောဖက် အယောက် (၈၅၀)ကို အနိုင်ယူတဲ့အချိန်တုန်းကလည်း၊ ဆုတောင်းခြင်းက ရှေ့ဆောင်ခဲ့ပြီး၊ လူသားတွေရဲ့ကယ်တင်ခြင်းအတွက် ဒီမြေကြီးကိုကြွလာတဲ့ ယေရှုခရစ်၊ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်လည်း နေ့တိုင်း မနက်စောစောမှာ ဆုတောင်းခြင်းအားဖြင့် ဧဝံဂေလိအမှုတော်ကို စတင်တဲ့ပုံသက်သေကို ပြခဲ့သလိုမျိုး၊ ဘုရားသခင်၏အသင်းတော် အသင်းဝင်တွေလည်း ဆုတောင်းခြင်းအားဖြင့် ဝိညာဏခွန်အားကို ရရှိပြီး တစ်နေ့တာကို စတင်ကြပါတယ်။
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။”
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။”
ရှင်မဿဲခရစ်ဝင် ၇:၇-၈
ထိုကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။
ရှင်မာကုခရစ်ဝင် ၁၁:၂၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်