ဒီလောကမှာရှင်သန်ဖို့အတွက် အောင်လက်မှတ်နဲ့ လိုင်စင်တွေ လိုအပ်သလို၊
ကောင်းကင်နိုင်ငံကို ဝင်ဖို့အတွက်လည်း၊ ကောင်းကင်နိုင်ငံသားဖြစ်ခွင့် လိုအပ်ပါတယ်။
ကောင်းကင်ဝင်နိုင်တဲ့ အရည်အချင်းဟာ ပဋိညာဉ်တရားသစ်ပသခါဖြစ်တယ်လို့၊
သမ္မာကျမ်းစာက မိန့်ကြားထားပါတယ်။
မြင်ရတဲ့လောကကို ကျွန်တော်တို့ ယုံကြည်ကြသလို၊
မမြင်ရတဲ့လောကကိုလည်း ကျွန်ုပ်တို့ ယုံကြည်ဖို့လိုအပ်ပါတယ်။
ဘုရားသခင်ဟာ နောဧ အရင်က တစ်ခါမှ မကြုံတွေ့ဖူးခဲ့တဲ့ မိုးအားဖြင့်
ကမ္ဘာကိုဖျက်ဆီးမယ်လို့ မိန့်တော်မူတဲ့အခါ၊ နောဧဟာ
ဘုရားသခင်ရဲ့စကားတော်ကို ယုံကြည်ခဲ့ပါတယ်။
ကနဦးအသင်းတော်မိသားစုဝင်တွေဟာ ညှဉ်းပန်းနှိပ်စက်ခြင်းထဲမှာတောင်၊
ကောင်းကင်မျှော်လင့်ချက်ကို မဆုံးရှုံးစေခဲ့ကြပါဘူး။
ကျွန်ုပ်တို့ဟာ ဒီခေတ်မှာ၊ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးအဖြစ်ကြွလာတဲ့
အဖေဘုရားသခင် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို ယုံကြည်ပြီး၊
ဘုရားသခင်ရဲ့အမိန့်တော်အတိုင်း ပဋိညာဉ်တရားသစ်ပသခါကို စောင့်ရှောက်ကြရပါမယ်။
အဲဒီလိုလုပ်ဆောင်မှပဲ၊ ကျွန်ုပ်တို့ဟာ တမန်တော်ပေါလုလိုမျိုး၊
ပဋိညာဉ်တရားသစ်ပသခါအားဖြင့် ကောင်းကင်နိုင်ငံသားဖြစ်ခွင့်ကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။
“ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။
မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။
ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။ ...
ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။” ဟေဗြဲသြဝါဒစာ ၁၁:၁-၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်