ကျွန်တော်တို့ဟာ ဘဝတစ်လျှောက်လုံးမှာ ခက်ခဲတဲ့အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ရကြပါတယ်။ ဒီလို အကျပ်အတည်းကာလမှာ ခမည်းတော်ခေတ်က ယုံကြည်ခြင်းဘိုးဘေးတွေဟာ ယေဟောဝါဘုရားသခင်ကို ခေါ်ခဲ့ကြပြီးတော့ ကယ်တင်ခံရခဲ့ပြီး၊ သားတော်ခေတ်က သန့်ရှင်းသူတွေဟာ ယေရှုခရစ်ရဲ့နာမကိုခေါ်ပြီး ကယ်တင်ခြင်းရခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ကျွန်တော်တို့ဟာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကိုခေါ်ပြီး ကယ်တင်ခြင်းခံရဖို့ တောင်းဆိုရမှာဖြစ်ပါတယ်။
ဘုရားသခင်ဟာ သူ့ရဲ့နာမကိုသိတဲ့သူတွေဟာ သူ့ရဲ့စစ်မှန်တဲ့လူမျိုးတွေဖြစ်ပြီး ကယ်တင်ခြင်းရဲ့ပထမခြေလှမ်းဖြစ်တဲ့ ဗတ္တိဇံကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့နာမနဲ့ ပေးဖို့မိန့်တော်မူခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ၊ ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်းကပဲ ကယ်တင်ခြင်းနဲ့ အပြစ်ခွင့်လွှတ်ခြင်းကတိတော်ပါရှိတဲ့ သန့်ရှင်းသောဝိညာဉ်တော် ခရစ်တော်အန်ဆန်ဟုန်းရဲ့နာမနဲ့ ဗတ္တိဇံပေးပါတယ်။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ . . . သို့ဖြစ်၍၊ ငါ၏လူတို့သည် ငါ့ကိုသိကြလိမ့်မည်။ [မြန်မာ့စံမီသမ္မာကျမ်း-ငါ့နာမကိုသိကြရမည်။] ကတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း ၅၂:၄-၆
အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင့်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ . . . ငါ၏ဘုရားသခင့်နာမတော်ကိုလည်းကောင်း၊ . . . ယေရုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏ နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။
ဗျာဒိတ်ကျမ်း ၃:၁၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်