လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက၊ ဖန်ဆင်းရှင်ဘုရားသခင်ဟာ ယေရှုဆိုတဲ့နာမနဲ့ ဒီမြေကြီးကိုကြွလာပြီး ပဋိညာဉ်တရားသစ်ကို တည်ထောင်ခဲ့ပါတယ်။
သေခြင်းအပြစ်ကို ခံစားနေရတဲ့ သားသမီးတွေကို အပြစ်ခွင့်လွှတ်ခြင်းနဲ့ ထာဝရအသက်ကောင်းချီးကို ပေးပြီး ကောင်းကင်ကိုခေါ်ဆောင်ဖို့အတွက် ပဋိညာဉ်တရားသစ်ကို တည်ထောင်တော်မူခဲ့ပါတယ်။
ယေရှုခရစ်ဟာ သုံးနှစ်ပတ်လုံး ပဋိညာဉ်တရားသစ်စောင့်ခြင်းရဲ့ ပုံသက်သေကို တပည့်တော်တွေကို ပြသခဲ့ပါတယ်။
“ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကို ပြခဲ့ပြီ။”ယော ၁၃:၁၅
ရှင်ပြန်ထမြောက်ပြီးနောက်၊ ကယ်တင်ခြင်းဆီပို့ဆောင်ပေးတဲ့ ပဋိညာဉ်တရားသစ်ကို စောင့်ရှောက်ဖို့ ကမ္ဘာပေါ်ကလူအားလုံးကို သွန်သင်ပေးပါလို့ တပည့်တော်တွေကို တောင်းဆိုခဲ့ပါတယ်။ (မ ၂၈:၁၉)
ယေရှုခရစ်ရဲ့ နှုတ်ကပတ်တော်အတိုင်း၊ တပည့်တော်တွေဟာ ပဋိညာဉ်တရားသစ်ကို ဟောပြောခဲ့ကြပါတယ်။
သေခြင်းအပြစ်ကို ခွင့်လွှတ်ပေးပြီး ကောင်းကင်ကိုပို့ဆောင်ပေးတဲ့ ပဋိညာဉ်တရားသစ်ထဲမှာ ဝတ်ပြုခြင်းဆိုင်ရာစည်းမျဉ်းတွေ ပါရှိပါတယ်။
ယောက်ျားက ခေါင်းကိုဖုံးပြီး ဝတ်ပြုတာဟာ ဘုရားသခင်ကို ရှုတ်ချခြင်းဖြစ်ပါတယ်။ မိန်းမဟာ မိမိခေါင်းကိုမဖုံးဘဲ ဝတ်ပြုခြင်းဟာ မိမိခေါင်းကို ရှုတ်ချခြင်းဖြစ်ပါတယ်။ (၁ကော ၁၁:၄-၅)
ဒါကြောင့် ပဋိညာဉ်တရားသစ်ကိုလိုက်နာတဲ့ အသင်းတော်မှာ အမျိုးသမီးတွေဟာ ခေါင်းဆောင်းကိုဆောင်းပြီး အမျိုးသားတွေဟာ ဘာမှမဆောင်းဘဲ ဝတ်ပြုကိုးကွယ်ကြပါတယ်။
ဒါပေမဲ့၊ ယေရှုခရစ် ကောင်းကင်တက်ပြီးနောက်ပိုင်းမှာ၊ ဝတ်ပြုချိန်အတွင်း ခေါင်းဆောင်းမသုံးဖို့ ငြင်းခုံမှုတွေရှိခဲ့ပါတယ်။
ဒီငြင်းခုံမှုကို တုံ့ပြန်တဲ့အနေနဲ့ တမန်တော်ပေါလုဟာ မိန်းမတွေဟာ ဆံပင်ရှည်ရင် လှပတယ်လို့ခံစားရတဲ့ လူ့သဘာဝအရ၊ ခေါင်းဆောင်းဆောင်းသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ်သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။
ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဖွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။
မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင်သည် မိမိခြုံစရာဖို့ ဖြစ်၏။
သို့သော်လည်း တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်၌ လည်းကောင်း၊ ထိုသို့သော ထုံးစံမရှိ။ကောရိန်သုသြဝါဒစာပထမစောင် ၁၁:၁၃-၁၆
သမ္မာကျမ်းစာမှာ ဝတ်ပြုစဉ်အတွင်း အမျိုးသမီးတွေဟာ ခေါင်းကိုဖုံးရမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
အမျိုးသမီးသန့်ရှင်းသူတွေဟာ ခေါင်းကိုဖုံးကာ ဆုတောင်းပြီး ဝတ်ပြုကိုးကွယ်တဲ့ ခေါင်းဆောင်းခြင်းစနစ်ကို ယေရှုခရစ်တော် သွန်သင်ပေးပြီး တမန်တော်ပေါလု ဟောကြားခဲ့တဲ့ ပဋိညာဉ်တရားသစ်ရဲ့ ဝတ်ပြုခြင်းစည်းမျဉ်းတွေနဲ့အညီ စောင့်ရှောက်ဖို့ဟာ ဘုရားသခင်ရဲ့အလိုတော်ဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်