ဧသောဟာ မိမိသားဦးအရာကို မထီမဲ့မြင်ပြုခဲ့ပြီး၊ ဆိုးညစ်တဲ့ကျွန်ဟာ အခွက်တစ်ဆယ်ကို မြေထဲမှာ ဝှက်ထားခဲ့ပြီးတော့၊ မိုက်မဲတဲ့ အပျိုစင်ငါးဦးဟာ ဆီကိုကြိုပြီး မပြင်ဆင်ထားခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဘယ်လိုအခြေအနေမှာမဆို၊ ယုံကြည်ခြင်းအပေါ်အခြေခံပြီး ဝိညာဉ်ရေးရာဆုံးဖြတ်ချက်ကိုချတဲ့ ဉာဏ်ပညာရှိတယ်ဆိုရင်၊ ဘုရားသခင် ကျွန်တော်တို့ကို ခွင့်ပြုပေးထားတဲ့ ထာဝရကောင်းကင်အမွေကို ဆုံးရှုံးမှာမဟုတ်ပါဘူး။
ပညာရှိတဲ့ အပျိုစင်ငါးယောက်လိုမျိုး၊ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ ကြုံတွေ့နေရတဲ့ အခက်အခဲအားလုံးကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် ကျော်လွှားပြီး သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို လက်ခံယုံကြည်ခြင်းက ကောင်းကင်အတွက် ပြင်ဆင်တဲ့နည်းလမ်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
...သင်တို့ မသိမမှတ်ဘဲနေစေခြင်းငှာ ငါအလိုမရှိ၊...သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်စီးခြင်းသို့ ရောက်ကြ၏။ ... ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှာ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဖို့ ပုံသက်သေ ဖြစ်ကြ၏။
ကောရိန်သုသြဝါဒစာပထမစောင် ၁၀:၁-၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်