အပြစ်သားတစ်ယောက်က သူ့အပြစ်ကို မေ့လျော့ပြီး အသက်ရှင်နေရင်တောင် သူ့ရဲ့အပြစ်ဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
လူသားတွေဟာ ကောင်းကင်မှာ ပြစ်မှားပြီး ကောင်းကင် ဒါမှမဟုတ် ငရဲရဲ့ တရားစီရင်ခြင်းကို စောင့်ဆိုင်းနေတဲ့ စီရင်ချက်ချမှတ်မခံရသေးတဲ့ အကျဉ်းသားတွေဖြစ်ပါတယ်။ ပဋိညာဉ်တရားသစ် ပညတ်တရားအားဖြင့် ဒီကမ္ဘာပေါ်မှာ နောင်တရဖို့ နောက်ဆုံးအခွင့်အရေးကို ကုန်ဆုံးပြီးနောက်၊ သူတို့ဟာ နောက်ဆုံး တရားစီရင်ခြင်းကိုခံရမှာ ဖြစ်ပါတယ်။
ပဋိညာဉ်တရားသစ် ပညတ်တွေထဲမှာ အပြစ်တွေနဲ့ ဒုစရိုက်အားလုံးကို ဖယ်ရှားပစ်ဖို့ ကတိတော်ပါရှိပါတယ်။
ယေရှုခရစ်ဟာ ဝိညာဉ်ရေးရာအပြစ်သားတွေရဲ့ ပြင်းထန်တဲ့အပြစ်တွေကို ဖယ်ရှားဖို့ ကားစင်တင်ခံခဲ့ပါတယ်။ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်က ဒီကျေးဇူးတော်ပါရှိတဲ့ ပဋိညာဉ်တရားသစ် ပညတ်ကို ပြန်လည်တည်ထောင်ခဲ့ပါတယ်။ ယေရှုခရစ်လိုမျိုး နောင်တရလော့လို့ စိတ်အားထက်သန်စွာနဲ့ အော်ဟစ်ပြီး လူသားတွေကို ကောင်းကင်ကို ခေါ်ဆောင်နေတော်မူပါတယ်။
လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊
ဟေဗြဲသြဝါဒစာ ၉:၂၇
ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။
ဗျာဒိတ်ကျမ်း ၂၀:၁၄–၁၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်