ဘုရားသခင်က ပင်လယ်နီကို ဘယ်လိုခွဲခဲ့သလဲဆိုတာနဲ့ ယေရိခေါမြို့ကို ပြိုလဲအောင် လုပ်ခဲ့တဲ့ပုံစံ စတဲ့ ခမည်းတော်ခေတ်နဲ့ သားတော်ခေတ်မှာ ဖြစ်ပျက်ခဲ့တဲ့ နိမိတ်လက္ခဏာတွေကို အနီးကပ်လေ့လာကြည့်ရင်၊ အရာအားလုံးဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်အတိုင်း ဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ နားလည်နိုင်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးအဖြစ် ဒီမြေကြီးကို ကြွလာခဲ့တဲ့ အန်ဆန်ဟုန်းဘုရားသခင်နဲ့ အမေဘုရားသခင်ရဲ့ဧဝံဂေလိအမှုဟာ ဘုရားသခင်အားဖြင့် ပြီးမြောက်အောင်မြင်တယ်ဆိုတာကို ယုံကြည်ပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်ကို ကျွန်တော်တို့နာခံနေသရွေ့၊ ဧဝံဂေလိရဲ့ အံ့သြဖွယ်အမှုဟာ အခုအချိန်မှာတောင် ဖြစ်ပေါ်လျက်ရှိနေပါတယ်။
(ဇိအုန်အမွှေးရနံ့ - ပင်တေကုတ္တေပွဲ တရားဟောပွဲတော်ပြီးနောက် လေးလအတွင်း ပြီးမြောက်အောင်မြင်ခဲ့သော ဧဝံဂေလိအလုပ်)
ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အို နေ သင်သည်ဂိဗောင်မြို့၌လည်းကောင်း၊ အို လ သင်သည်အာယလုန်ချိုင့်၌လည်းကောင်း ငြိမ်ဝပ်စွာနေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊ ဣသရေလလူတို့သည် ရန်သူတို့အား အပြစ်ဒဏ်မပေးမီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည်ရပ်လေ၏။
ယောရှုမှတ်စာ ၁၀:၁၂-၁၃
မောရှေသည် ပင်လယ်ပေါ်မှာလက်ကိုဆန့်၍၊ ထာဝရဘုရားသည် တစ်ညဉ့်လုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍၊ မြေကိုပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။
ထွက်မြောက်ရာကျမ်း ၁၄:၂၁
စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ဟု ရှိမုန်အားမိန့်တော်မူ၏။ သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်ဟု လျှောက်လေ၏။ ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။
ရှင်လုကာခရစ်ဝင် ၅:၄-၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်