ကနဦးအသင်းတော် သန့်ရှင်းသူတွေဟာ ချီဆောင်ရာနေ့ကနေ ပင်တေကုတ္တေပွဲတော်နေ့အထိ ဆယ်ရက်လုံးလုံး ကြိုးစားဆုတောင်းခဲ့ပါတယ်။ သူတို့ဟာ ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခဲ့ပြီး၊ အဲဒီအရာက သူတို့ကို ရဲရင့်တဲ့ယုံကြည်ခြင်းကို ခွင့်ပြုပေးပြီးတော့၊ ဧဝံဂေလိကို မြန်မြန်ပျံ့နှံ့စေခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ၊ ဘုရားသခင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းကထက်၊ ခုနစ်ဆပိုအားကောင်းတဲ့ ပင်တေကုတ္တေပွဲတော်ရဲ့ သန့်ရှင်းသောဝိညာဉ်တော် ဆုလက်ဆောင်ကို ကျွန်ုပ်တို့ဆီ ခွင့်ပြုပေးတော်မူပါတယ်။
ကနဦးအသင်းတော်ဟာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိပြီးတဲ့နောက်မှာ “ယေရှုက ခရစ်တော်ဖြစ်တယ်”ဆိုတာကို သက်သေခံခဲ့ပါတယ်။ ဒီလိုပါပဲ၊ ပင်တေကုတ္တေပွဲတော်ကို စောင့်ခြင်းအားဖြင့် နောက်မိုးသန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခဲ့ကြတဲ့ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ ကျွန်ုပ်တို့ရဲ့ ကယ်တင်ရှင်ဖြစ်တဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ ကောင်းကင်အမေ့အကြောင်းကို ရဲရဲရင့်ရင့် ဟောပြောနေကြပါတယ်။
“ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍၊ … ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။”
တမန်တော်ဝတ္ထု ၂:၁-၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်