ဘုရားသခင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃,၅၀၀)တုန်းက မောရှေရဲ့ ပညတ်အားဖြင့်
ဓမ္မဟောင်းခေတ် ပွဲတော်တွေအားလုံးရဲ့ နာမည်နဲ့ ရက်စွဲတွေကို ကြိုတင်သတ်မှတ်ထားခဲ့ပြီး၊
ရှင်ပြန်ထမြောက်ရာနေ့(အဦးသီးသောအသီးနေ့)ကနေ ရက်ငါးဆယ်မြောက်နေ့မှာ
ပင်တေကုတ္တေပွဲနေ့ကိုစောင့်ဖို့ ကျွန်ုပ်တို့ကို မိန့်တော်မူခဲ့ပါတယ်။
ယေရှုခရစ် ရှင်ပြန်ထမြောက်ပြီးတဲ့နောက်၊ တပည့်တော်တွေဟာ
ချီဆောင်ရာနေ့ကနေစပြီး ဆယ်ရက်လုံးလုံး ကြိုးစားဆုတောင်းခဲ့ကြပြီးတော့
ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းအားဖြင့်၊
တစ်ရက်အတွင်း လူသုံးထောင်က ကယ်တင်ခြင်းကို ခံခဲ့ရတဲ့
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကြီးမားတဲ့အမှုတော်ကို မျက်မြင်ကြုံတွေ့ခဲ့ကြရပါတယ်။
ဒီလိုပါပဲ၊ ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ
နှုတ်ကပတ်တော်အတိုင်း ပင်တေကုတ္တေပွဲနေ့ကို သန့်ရှင်းစွာစောင့်နေကြပြီးတော့၊
သန့်ရှင်းသောဝိညာဉ်တော်ခေတ်ရဲ့ ကယ်တင်ရှင်ဖြစ်ကြတဲ့
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်အကြောင်းကို
နောက်မိုး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တစ်ကမ္ဘာလုံးမှာသက်သေပြုပြီး၊
မိမိတို့ရဲ့ စိတ်နှလုံးသားအားလုံးနဲ့ လူတွေကို နိုးထစေနေကြပါတယ်။
“သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊
သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော
ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်။” တမန်တော်ဝတ္ထု ၁:၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်