ဓမ္မဟောင်းကျမ်းထဲက ယဇ်ပူဇော်ခြင်းမှာ အပြစ်သားတွေရဲ့ နောင်တရခြင်းနဲ့
ဘုရားသခင်ရဲ့ အပြစ်ဖြေခြင်း ပါဝင်ပါတယ်။ အာဒံနဲ့ ဧဝဟာ ပထမဦးဆုံး အပြစ်ကို
ကျူးလွန်ခဲ့ပြီးတဲ့နောက်၊ ဘုရားသခင်ဟာ ကာဣနနဲ့အာဗေလကို အသက်ပင်ဆီ
ပြန်သွားနိုင်ဖို့အတွက် ယဇ်ပူဇော်ခြင်းကို ခွင့်ပြုပေးခဲ့ပါတယ်။ ယဇ်ပူဇော်ခြင်းဟာ
မောရှေခတ်အထိ ဆက်သွားခဲ့ပြီး၊ ဓမ္မသစ်ခေတ်မှာ ဝတ်ပြုကိုးကွယ်ခြင်းအဖြစ်
ပြောင်းလဲသွားခဲ့ပါတယ်။
ဘုရားသခင်ဆီကိုပေးအပ်တဲ့ ဝတ်ပြုခြင်းမရှိဘူးဆိုရင်
ကျွန်ုပ်တို့ဆီ အပြစ်ခွင့်လွှတ်ခြင်းကို ဘယ်တော့မှ ပေးလို့မရပါဘူး။
ဓမ္မဟောင်းခေတ် ဝတ်ပြုခြင်းအားလုံးမှာ တိရစ္ဆာန်တွေဟာ အပြစ်သားတွေရဲ့
ကိုယ်စား အသွေးသွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဓမ္မသစ်ခေတ်မှာ ယေရှုခရစ်
ကိုယ်တိုင်ဟာ အပြစ်ဖြေရာပူဇော်သက္ကာအဖြစ် အပူဇော်ခံပေးခဲ့ပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ဟာ ယေရှုခရစ်က သူ့ရဲ့ပေးဆပ်ခြင်းနဲ့
တည်ထောင်ခဲ့တဲ့ ဝတ်ပြုကိုးကွယ်ခြင်းအားလုံးကို နာမ်ဝိညာဉ်၊
သမ္မာတရားနဲ့ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
ယေရှုခရစ်က ယဇ်ပုရောဟိတ်မင်းဖြစ်လာတယ်ဆိုတာဟာ
ကျွန်ုပ်တို့က ဝတ်ပြုကိုးကွယ်ခြင်းကို ဆက်လက်ပြီးပေးရမယ်လို့
ဆိုလိုတာဖြစ်ပါတယ်။ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ
ဥပုသ်နေ့နဲ့ ပသခါစတဲ့ ဝတ်ပြုခြင်းအားလုံးကို သန့်ရှင်းစွာစောင့်ပြီးတော့၊
ဘုရားသခင်ကတိပြုထားတဲ့ အပြစ်ခွင့်လွှတ်ခြင်းနဲ့ ကောင်းကင်မျှော်လင့်ခြင်းဆီ
လျှောက်လှမ်းနေကြပါတယ်။
“ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကို
ပြုသောသူဖြစ်တော်မူ၍၊ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု
ဘုရားသခင် သမုတ်တော်မူခြင်းကိုခံရ၏။” ဟေဗြဲဩဝါဒစာ ၅:၉-၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်