အာဒံနဲ့ ဧဝဟာ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီးကိုစားတဲ့အပြစ်ကြောင့်၊ ဧဒင်ဥယျာဉ်ရဲ့ဘုန်းတော်ကို ဆုံးရှုံးခဲ့သလို၊ လူသားတွေဟာ ကောင်းကင်မှာ အပြစ်ကြောင့် ဘုန်းအားလုံးကိုဆုံးရှုံးခဲ့ရပြီး ဒီမြေကြီးကို ပစ်ချခြင်းခံခဲ့ရပါတယ်။ လူသားတွေဟာ သူတို့ရဲ့အပြစ်ကြောင့် ဘုရားသခင်နဲ့ ဝေးကွာခဲ့ရပေမယ့်လည်း၊ ဘုရားသခင်က ဥပုသ်နေ့နဲ့ ပသခါပွဲ အပါအဝင် သုံးပိုင်းခွဲထားတဲ့ပွဲတော်ခုနစ်ခုကနေတစ်ဆင့်၊ သူတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးဖို့အတွက် ဝတ်ပြုကိုးကွယ်ခြင်းကို ခွင့်ပြုပေးခဲ့ပါတယ်။
ဘုရားသခင်နှစ်သက်တဲ့ အာဗေလရဲ့ယဇ်ပူဇော်ခြင်းဟာ ခရစ်တော်က လက်ဝါးကပ်တိုင်ပေါ်မှာ အသွေးသွန်းခြင်းအားဖြင့် လူသားတွေရဲ့အပြစ်ကို ခွင့်လွှတ်မယ့်အကြောင်း ကြိုတင်ပြသတယ်ဆိုတာကို သမ္မာကျမ်းစာမှာ ကျွန်ုပ်တို့အတည်ပြုနိုင်ပါတယ်။ အသွေးနဲ့ ပူဇော်ခြင်းဖြစ်တဲ့ ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်၊ လူသားမျိုးနွယ်ဟာ ဘုရားသခင်နဲ့ ပိုမိုနီးကပ်လာပြီး သန့်ရှင်းသောဝိညာဉ်တော်ခေတ်ရဲ့ကယ်တင်ရှင်ဖြစ်တဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့သားသမီးတွေအနေနဲ့ ဘုရားသခင်ရဲ့မိသားစုဝင် ဖြစ်လာနိုင်ပါတယ်။
သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။ ... ထိုကြောင့်၊ သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသား မဟုတ်၊ ဧည့်သည်လည်း မဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားချင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။ ဧဖက်သြဝါဒစာ ၂:၁၃၊ ၁၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်