ခရစ်တော်အန်ဆန်ဟုန်းဟာ အမှန်တရားကို လက်တွေ့မကျင့်တဲ့သူဟာ စိတ်ဝိညာဉ်က မှောင်မိုက်လာပြီး
ပိုင်းခြားသိမြင်နိုင်စွမ်းပျောက်ဆုံးသွားတဲ့အတွက် ယုံကြည်ခြင်းလည်း ပျောက်ဆုံးသွားပြီး ဘုရားသခင်ကို ပုန်ကန်လာတယ်လို့ မိန့်တော်မူခဲ့ပါတယ်။
ကျွန်တော်တို့ဟာ တတိယအတိုင်းအတာကမ္ဘာမှာ နေထိုင်ရင်း စတုတ္ထ၊ ပဉ္စမအတိုင်းအတာဖြစ်တဲ့
ကောင်းကင်ကမ္ဘာကို အကဲမဖြတ်နိုင်တဲ့အတွက် အချိန်တိုင်းမှာ ကောင်းချီးပေးတော်မူတဲ့
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ယုံကြည်ပြီး သင်ကြားမှုအတိုင်း လိုက်လျှောက်ရပါမယ်။
လူရဲ့ ပုံမှန်အသိစိတ်နဲ့ဆိုရင် မဖြစ်နိုင်တဲ့အခြေအနေမှာလည်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံပြီး ကောင်းချီးရရှိခဲ့တဲ့
မောရှေ၊ ဒါဝိဒ်၊ ဂိဒေါင်နဲ့ ယောရှုလိုမျိုး ယုံကြည်ခြင်းဘိုးဘေးများစွာရဲ့ သမိုင်းကို ကြည့်ရင်း
ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ခေတ် ကယ်တင်ရှင်ဖြစ်တဲ့
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို ယုံကြည်ပြီး မိန့်တော်မူတဲ့အတိုင်း ကျင့်ဆောင်သည့်ရလဒ်အဖြစ်
တစ်ကမ္ဘာလုံးမှာ အံ့ဖွယ် ဧဝံဂေလိသမိုင်းတွေက ဖြစ်ပေါ်နေပါတယ်။
ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည့်၏။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော
ထာဝရဘုရားထံတော်မှ၊ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
ဆာလံကျမ်း ၁၂၁:၁-၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်