အဲဂုတ္တုပြည်မှာ နှစ်ပေါင်း (၄၃၀)ကျွန်ခံခဲ့တဲ့ ဣသရေလ လူမျိုးတွေဟာ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် လွတ်မြောက်ခဲ့ပြီး၊ ခါနာန်ပြည်ကို ဦးတည်ခဲ့ကြပါတယ်။ ဒါပေမဲ့၊ ဣသရေလလူမျိုးတွေဟာ သူတို့ကို လွတ်မြောက်စေခဲ့တဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို မေ့လျော့ခဲ့ကြပါတယ်။ “သင်သည် ငါတို့ကို အဲဂုတ္တုပြည်မှ ဤသဲကန္တာရသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။”
မကျေမနပ်ဖြစ်ခဲ့ကြသူတွေဟာ မီးမြွေကိုက်ခံရပြီး သေဆုံးခဲ့ကြပါတယ်။ (တော ၂၁:၆)
ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။
အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ တော ၂၁:၈
ဒါဆိုရင်၊ ကြေးဝါမြွေက သူတို့ကို ကယ်တင်ခဲ့တာပါလား။
မဟုတ်ပါဘူး။ ကြေးဝါမြွေကိုကြည့်ရှုရင် အသက်ချမ်းသာရလိမ့်မယ်ဆိုတဲ့ နှုတ်ကပတ်အားဖြင့် ဘုရားသခင်က သူတို့ကို ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း၊ ဣသရေလလူမျိုးတွေဟာ ကြေးဝါမြွေကို ထူးခြားတဲ့တန်ခိုးရှိတယ်လို့ ထင်ပြီး နှစ်ပေါင်းရာနဲ့ချီ ကိုးကွယ်ခဲ့ကြပါတယ်။
ဟေဇကိမင်းကြီးဟာ ကြေးဝါမြွေကို အပိုင်းပိုင်းချိုးဖဲ့တဲ့အခါ၊ ဘုရားသခင်ဟာ သူ့ကိုချီးကျူးခဲ့ပြီး သူပြုလေရာရာမှာ အောင်မြင်စေတော်မူခဲ့ပါတယ်။ (၂ ရာ ၁၈:၃-၇)
ကြေးဝါမြွေကို အပိုင်းပိုင်းချိုးဖဲ့ခဲ့တဲ့ ဟေဇကိကို ဘုရားသခင်က ဘာကြောင့် ချီးကျူးခဲ့တာပါလဲ။ ရုပ်တုကိုးကွယ်တဲ့သူဟာ ဖျက်ဆီးခြင်းခံရမှာဖြစ်လို့ ဖြစ်ပါတယ်။
ကြေးဝါမြွေကို ကိုးကွယ်ခြင်းသမိုင်းဟာ အသင်းတော်တွေက လက်ဝါးကပ်တိုင်ကို စိုက်ထူပြီး ဖျက်ဆီးခြင်းခံရမယ့် ကြိုတင်ဟောစကား ဖြစ်ပါတယ်။
မောရှေသည်တော၌ (ကြေးဝါ)မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ ... ယော ၃:၁၄-၁၅
ကျွန်ုပ်တို့ကို ကယ်တင်ခဲ့တာဟာ လက်ဝါးကပ်တိုင်မဟုတ်ဘဲ၊ ယေရှုခရစ်တော်ဖြစ်ပါတယ်(၁ ပေ ၁:၁၈-၁၉)။
ဒါပေမဲ့၊ ဣသရေလလူမျိုးတွေဟာ ကြေးဝါမြွေကို ကိုးကွယ်ခဲ့သလိုမျိုး၊ ဒီနေ့ခေတ် အသင်းတော်တွေဟာ လက်ဝါးကပ်တိုင်ကို ကိုးကွယ်နေကြပါတယ်။
ကြေးဝါမြွေဟာ ကြေးဝါအပိုင်းအစသက်သက်ပဲ ဖြစ်သလိုမျိုး၊ လက်ဝါးကပ်တိုင်ဟာ သစ်သားအပိုင်းအစတစ်စပဲ ဖြစ်ပါတယ်(တ ၅:၃၀)။
လက်ဝါးကပ်တိုင်ကို စိုက်ထူတဲ့ အသင်းတော်တွေဟာ ဖျက်ဆီးခြင်းခံရမှာဖြစ်ပါတယ်(တရား ၂၇:၁၅)။
“ငါ၏လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲက ထွက်ကြလော့။” ဗျာဒိတ်ကျမ်း ၁၈:၄
ဒုတိယအကြိမ်ကြွလာတော်မူခဲ့တဲ့ ခရစ်တော်အန်ဆန်ဟုန်းရဲ့ သင်ကြားမှုတွေအတိုင်း၊ ဘုရားသခင်၏အသင်းတော်ဟာ ကြေးဝါမြွေဖြစ်ရပ်ဟာ လက်ဝါးကပ်တိုင် ကိုးကွယ်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်ဖြစ်ကြောင်း လူသားတွေဆီ အသိပေးပါတယ်။ ကျေးဇူးပြုပြီး သန့်ရှင်းသောဝိညာဉ်တော်ခေတ်ရဲ့ ကယ်တင်ရှင်ဖြစ်တော်မူတဲ့ အမေဘုရားသခင် ကိန်းဝပ်တော်မူတဲ့ ဘုရားသခင်၏အသင်းတော်၊ ဇိအုန်ကို လာကြပါ။ နောက်ဆုံးဘေးဒဏ်ကနေ လွတ်မြောက်ပြီး ကယ်တင်ခြင်းခံရပါလိမ့်မယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်