ဘုရားသခင်ဟာ ယောရှုကို ခါနာန်ပြည်ရှေ့မှာ ရောက်တဲ့အခါ အရမ်းရဲရင့်ဖို့ အထပ်ထပ်အခါခါ မိန့်တော်မူခဲ့ပြီး၊ ယောနကို ရန်သူနိုင်ငံရဲ့ မြို့တော်မှာ ဘုရားရဲ့နှုတ်ကပတ်တော်ကို ရဲရင့်စွာ ဟောပြောဖို့ မိန့်တော်မူခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ ကျွန်ုပ်တို့ဟာ ကမ္ဘာတစ်ဝန်းလုံးဆီ ပဋိညာဉ်တရားသစ် အကြောင်းဟောပြောတဲ့အမှုမှာ တခြားအရာအားလုံးထက် ရဲရင့်ခြင်း လိုအပ်ပါတယ်။
ဘုရားသခင်ရဲ့ဧဝံဂေလိက ဟောပြောတဲ့နေရာတိုင်းမှာ အမှောင်ကို အလင်းအဖြစ် ပြောင်းလဲစေမယ်လို့ ယုံကြည်ပြီး၊ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ ဝိညာဏခါနာန်ပြည်ကို အမွေဆက်ခံမယ့်သူတွေအနေနဲ့ ယောရှုရဲ့တာဝန်ကို လက်ခံပြီး၊ ယောနလိုမျိုး တစ်ကမ္ဘာလုံးမှာ ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ကယ်တင်ခြင်းသတင်းကို ရဲရင့်စွာ ဟောပြောကြပါတယ်။
“အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့အားဝေ၍ အမွေပေးရမည်။
သို့ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသော တရားအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာ အားယူ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။”
ယောရှုမှတ်စာ ၁:၆-၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်