ယေရှုခရစ်ရဲ့ဥပမာအားဖြင့် အာဗြဟံဟာ အဖေဘုရားသခင်ကို ကိုယ်စားပြုတယ်ဆိုတာနဲ့၊ အာဗြဟံမိသားစုကို အမွေဆက်ခံဖို့ ဆုံးဖြတ်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ စာရာဟာ ပဋိညာဉ်တရားသစ်အဖြစ် ကိုယ်စားပြုထားတဲ့ ကျွန်မ မဟုတ်တဲ့ ကျွန်တော်တို့ရဲ့အမေဘုရားသခင်ဖြစ်တယ် ဆိုတာကို နားလည်နိုင်ပါတယ်။
မိဘတွေက ကျွန်တွေဖြစ်တဲ့ ဧလျာဇာလို ဘုရားသခင်ကို လုံးဝမယုံတဲ့သူတွေနဲ့ ဣရှမေလလိုမျိုး အဖေဘုရားသခင်ကိုပဲ ယုံကြည်သူတွေဟာ ဘုရားသခင်ရဲ့အမွေခံ မဖြစ်နိုင်ပါဘူး။
ဣဇာက်လိုမျိုး လွတ်လပ်သူ အဖေဘုရားသခင် (ခရစ်တော် အန်ဆန်ဟုန်း)နဲ့ အမေဘုရားသခင်ကို လက်ခံပြီး၊ ဘုရားသခင်ရဲ့ အသွေးအသားအားဖြင့် “ငါ့သားသမီးများ”ဆိုတဲ့ တံဆိပ်ခတ်ခြင်းခံရမှပဲ ကောင်းကင်နိုင်ငံရဲ့အမွေခံ ဖြစ်နိုင်ပါတယ်။
“သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ရင်ခွင်၌ လာဇရုကိုလည်းကောင်း အဝေးကမြင်လျှင်၊ အို အဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။”
ရှင်လုကာခရစ်ဝင် ၁၆:၂၂-၂၄
“ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဖွားသောသားဖြစ်၏။ ကျွန်မမဟုတ်သောမိန်းမ၏သားသည် ကတိတော်အားဖြင့် ဖွားသောသားဖြစ်၏။ ... ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သားမဟုတ်၊ ကျွန်မ မဟုတ်သော မိန်းမ၏သား ဖြစ်ကြ၏။”
ဂလာတိသြဝါဒစာ ၄:၂၃–၃၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်