ဘုရားသခင်ရဲ့ပညတ်တော်ကို မစောင့်ရှောက်ဘူးဆိုရင် ဘုရားသခင်ရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့ ခရစ်တော်ကို အသိအမှတ်မပြုနိုင်ပါဘူး။
ဘုရားသခင်ဟာ ပဋိညာဉ်တရားသစ် ဥပုသ်နေ့နဲ့ ပသခါပွဲလိုမျိုး ဘုရားသခင်ရဲ့ပညတ်တော်တွေကို စောင့်တဲ့သူတွေအပေါ်မှာပဲ
လူ့ဇာတိနဲ့ကြွလာတဲ့ ဘုရားသခင်ကို အသိအမှတ်ပြုနိုင်တဲ့ ဉာဏ်ပညာကို ပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
လူ့ပညတ်ကိုစောင့်တဲ့သူတွေဟာ ဥပုသ်နေ့နဲ့ ပသခါပွဲကို အဓိပ္ပာယ်မဲ့စွာထားပေမယ့်၊
ဘုရားသခင်ဆီကနေ ဉာဏ်ပညာကို လက်ခံရရှိတဲ့သူတွေဟာ ဘုရားသခင့်ပညတ်တော်တွေရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို သိမြင်ပြီး၊
ဟေရှာယရဲ့ကြိုတင်ဟောစကားလိုမျိုး “ဤအရှင်ကား ငါတို့၏ဘုရားသခင်တည်း”လို့ ကြွေးကြော်နေကြပါတယ်။
နှစ်ပေါင်း (၁,၆၀၀)လောက်ကြာအောင် မစောင့်နိုင်ခဲ့တဲ့ ပသခါပွဲကို ပြန်လည်တည်ထောင်ပြီး သေခြင်းကို နစ်မွန်းဆုံးရှုံးစေတဲ့
အန်ဆန်ဟုန်းဘုရားသခင်နဲ့ အမေဘုရားသခင်ဟာ လူသားတွေ အချိန်အကြာကြီး စောင့်ခဲ့တဲ့ ဘုရားသခင်စင်စစ်ဖြစ်ပါတယ်။
“ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည်
ကောင်းသောဉာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည်သတည်း။”
ဆာလံကျမ်း ၁၁၁:၁၀
“ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဖွယ်စားဖွယ်ပွဲ၊
ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော...သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။
...ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော၊
ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။”
ဟေရှာယအနာဂတ္တိကျမ်း ၂၅:၆-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်