ကျွန်ုပ်တို့ဟာ ဘယ်ကနေလာပါသလဲ။ ကျွန်ုပ်တို့ သေပြီးနောက် ဘယ်ကိုသွားနေကြပါသလဲ။ ဒဿနပညာရှင်၊ ဓမ္မပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ ဘဝအဓိပ္ပာယ်ရဲ့အဖြေကို ရာစုနဲ့ချီပြီး ရှာဖွေခဲ့ကြပေမယ့်၊ သူတို့ကိုယ်သူတို့ ဆန့်ကျင်ခြင်းမရှိဘဲ သီအိုရီတစ်ခုကိုတောင် အကြံမပြုနိုင်ခဲ့ကြပါဘူး။ လူတွေဟာ ဘဝရဲ့အဓိပ္ပာယ်ကို မသိဘဲ လှည့်လည်သွားလာကာ အလုပ်တွေနဲ့ ချည်နှောင်ခံထားရပြီး၊ သေခြင်းကို ရင်ဆိုင်ကြရပါတယ်။
လေတိုက်ခံရပြီး သစ်ရွက်တွေ ကြွေကျသလိုမျိုး၊ ကျွန်ုပ်တို့ရဲ့ဘဝဟာ ကြွေကျနေတဲ့သစ်ရွက်ခြောက်လို အချည်းနှီးအိပ်မက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့၊ ကျွန်ုပ်တို့ရဲ့ဘဝမှာ လျှို့ဝှက်ထားတဲ့ အရေးကြီးတဲ့အရာ ရှိပါတယ်။
သမ္မာကျမ်းစာဟာ သေခြင်းကို ကောင်းကင်‘ပြန်သွား’ရတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ သင်ပေးနေပါတယ်။ (ဒေ ၁၂:၇) ‘ပြန်သွားသည်’ဆိုတာဟာ သင်တို့လာတဲ့အရပ်ဆီ ပြန်သွားတာကို ဆိုလိုပါတယ်။ ဘုရားသခင်က ကမ္ဘာမြေကြီးကို မဖန်ဆင်းခင်မှာ၊ သင်တို့ဟာ ကောင်းကင်မှာ ရှိခဲ့ကြပါတယ်။
ယောဘ၊ မြေကြီးကို ငါဖန်ဆင်းတုန်းက သင်က ဘယ်မှာရှိခဲ့သလဲ။ သင်ဟာ ကောင်းကင်မှာရှိခဲ့ပြီး နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တယ်။” ယောဘ ၃၈:၁-၂၁
ယောဘဟာ ဒီမြေကြီးပေါ်မှာ မမွေးဖွားခင်မှာ ကောင်းကင်မှာရှိခဲ့တယ်လို့ ဘုရားသခင်က သွန်သင်ပေးခဲ့ပါတယ်။ ယောဘလိုမျိုးပဲ၊ ကျွန်ုပ်တို့လည်း မြေကြီးပေါ်မှာ မမွေးဖွားခင် ကောင်းကင်နိုင်ငံမှာ ရှိခဲ့ကြပါတယ်။ ကျွန်ုပ်တို့ မြေကြီးပေါ်မှာ ရှိနေတုန်းမှာ၊ ကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာဟာ ကျွန်ုပ်တို့ဝိညာဉ် ခဏတာနေထိုင်တဲ့ တဲဖြစ်ပါတယ်။ (၂ ကော ၅:၁)
ဒါကြောင့် ယေရှုခရစ်ရဲ့သွန်သင်မှုကိုခံခဲ့ရတဲ့ တမန်တော်တွေဟာ လူ့ဘဝကို“ တစ်ကျွန်းသူတစ်နိုင်ငံသား”နဲ့ “ဧည့်သည်အာဂန္တု”လို့ ခေါ်ခဲ့ကြပါတယ်။ ကျွန်ုပ်တို့ရဲ့မွေးရပ်မြေက ‘ကောင်းကင်’ဖြစ်တာကို သူတို့ သိခဲ့ကြပါတယ်။ (ဟေဗြဲ ၁၁:၁၃) အချိန်၊ နေရာနဲ့ မြန်နှုန်းကို မကန့်သတ်ထားတဲ့ ကောင်းကင်မှာ၊ ကျွန်ုပ်တို့ဟာ အပြစ်ကျူးလွန်ခဲ့ပါတယ်။ လူသားတွေဟာ ကောင်းကင်နဲ့ပတ်သက်တဲ့ မှတ်ညာဏ်တွေ ဆုံးရှုံးသွားပြီး၊ မြေကြီးကို ချပစ်ခြင်းခံခဲ့ရပါတယ်။ လူတွေဟာ အပြစ်ရဲ့ဝေဒနာထဲမှာ ညည်းတွားရင်း၊ ဘေးဒဏ်အမျိုးမျိုးကို ကြောက်တဲ့အတွက် တုန်လှုပ်နေကြပါတယ်။ ကျွန်ုပ်တို့ရဲ့ လှပပြီး ခမ်းနားတဲ့မွေးရပ်မြေကို မလွမ်းဆွတ်ဘူးလား။
ဘုန်းကြီးတဲ့ ကောင်းကင်မွေးရပ်မြေကို ပြန်သွားနိုင်တဲ့ နည်းလမ်းမရှိတော့ဘူးလား။ အဖြေကိုရှာတွေ့မှပဲ ကျွန်ုပ်တို့ပြန်သွားနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)က၊ ယေရှုခရစ်တော် ကြွလာခဲ့ပြီး၊ ကောင်းကင်မှာ ကျွန်ုပ်တို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်ခံရနိုင်တဲ့နည်းလမ်းကို သွန်သင်ပေးခဲ့ပြီး ကောင်းကင်လမ်းကို ဖွင့်ပေးခဲ့ပါတယ်။ (မ ၂၆:၂၆)
ဒီခေတ်မှာ၊ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့ ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်တို့ဟာ ပျောက်ဆုံးသွားတဲ့ ပသခါပွဲကို ပြန်လည်တည်ထောင်ပြီး ထာဝရကောင်းကင်မွေးရပ်မြေကို ပို့ဆောင်ပေးပါတယ်။ သင်တို့ဟာ ပြန်လည်တည်ထောင်ထားတဲ့ ပသခါပွဲကို စောင့်ပြီး သတိရတဲ့ ကောင်းကင်မွေးရပ်မြေကို ပြန်သွားကြဖို့ မျှော်လင့်ပါတယ်။ ထာဝရ ကောင်းကင်မွေးရပ်မြေဆီ သင်တို့ကို ဖိတ်ခေါ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်