ဒီနေ့၊ စကြဝဠာရဲ့ဗဟိုဖြစ်တဲ့ ဘုရားသခင်ပေးထားတဲ့ သမ္မာကျမ်းစာထဲက
နှုတ်ကပတ်တော်တွေကို နားမလည်ဘူးဆိုရင်၊ လူတွေက
ပထမအကြိမ်ကြွလာတဲ့ ယေရှုခရစ်ကို အသိအမှတ်မပြုသလို၊
ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော် အန်ဆန်ဟုန်းနဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့
အမေဘုရားသခင်ကိုသိမြင်နိုင်မှာ မဟုတ်ပါဘူး။
ဒီလိုဆိုရင်၊ ကျွန်တော်တို့ဟာ ဘုရားသခင်မရှိတဲ့အသင်းတော်မှာ
အဓိပ္ပာယ်မဲ့ဝတ်ပြုခြင်းကို ဆက်ကပ်ရမှာပဲ ဖြစ်ပါတယ်။
ဒါဝိဒ်မင်းကြီးဟာ ဣသရေလလူမျိုးတွေကို အုပ်စိုးတဲ့အချိန်မှာ လိုအပ်တဲ့ဥပဒေရှိခဲ့သလို၊
ဒါဝိဒ်အဖြစ် ကြိုတင်ဟောထားတဲ့ ယေရှုခရစ်နဲ့ သူ့ရဲ့လူမျိုးတွေကြားမှာလည်း
ပဋိညာဉ်တရားသစ်ရဲ့ပညတ် ရှိခဲ့ပါတယ်။
ဒါဝိဒ်မင်းကြီးရဲ့ ရာဇပလ္လင်ရဲ့ ကြိုတင်ဟောစကားတွေအားလုံးကို ပြည့်စုံစေခဲ့တဲ့
ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော် အန်ဆန်ဟုန်းလည်း
ပဋိညာဉ်တရားသစ် အကြောင်းကို သင်ပေးခဲ့ပါတယ်။
ထိုနောက်မှ ဣသရေလအမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သူတို့ရှင်ဘုရင် ဒါဝိဒ်ကိုလည်းကောင်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှာ၊ ထာဝရဘုရားထံတော်သို့ တုန်လှုပ်လျက်ပြေးကြလိမ့်မည်။
ဟောရှေအနာဂတ္တိကျမ်း ၃:၅
ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ၊ ...
ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဖို့အလိုငှာ သွန်းသော ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။
ရှင်လုကာခရစ်ဝင် ၂၂:၇-၂၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်