ဇိအုန်မိသားစုဝင်တွေဟာ လေ့လာမှု၊ စေတနာ့ဝန်ထမ်းလုပ်ဆောင်မှုတွေနဲ့ ယုံကြည်ခြင်းအသက်တာအပါအဝင် ကဏ္ဍပေါင်းစုံမှာ သူတို့ရဲ့ထူးချွန်မှုတွေအတွက် ချီးကျူးခံရကြပေမယ့်၊ အဲဒါတွေထဲက အရေးကြီးဆုံးအရာကတော့ ကောင်းကင်နိုင်ငံရဲ့ လျှို့ဝှက်ချက်တွေဖြစ်တဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ်။
ဒါဝိဒ်မင်းကြီး ကွယ်လွန်ပြီးနောက် နှစ်ပေါင်းရာနဲ့ချီ ကြာတဲ့အချိန်မှာ၊ ပရောဖက် ယေဇကျေလက နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပဋိညာဉ်တရားသစ်နဲ့အတူ ဒါဝိဒ်အဖြစ် ကြွလာမယ်လို့ ကြိုတင်ဟောပြောခဲ့ပါတယ်။
ဝိညာဏဒါဝိဒ်အဖြစ် ကြွလာခဲ့သော ခရစ်တော်အန်ဆန်ဟုန်းဟာ အေဒီ (၃၂၅)မှာ ဖျက်သိမ်းခဲ့တဲ့ ပဋိညာဉ်တရားသစ်ပသခါပွဲကို ပြန်လည်တည်ထောင်ခဲ့ပြီး၊ ပဋိညာဉ်တရားသစ်ရဲ့ အစစ်အမှန်ဖြစ်တဲ့ အမေဘုရားသခင်ဆီကို လာမှပဲ၊ ကျွန်တော်တို့ ကယ်တင်ခြင်းခံရနိုင်တယ်ဆိုတာကို သိစေခဲ့ပါတယ်။
ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။ 26ထိုမှတစ်ပါး၊ သူတို့နှင့်မိတ်သဟာယပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။ ... ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။
ယေဇကျေလအနာဂတ္တိကျမ်း ၃၇:၂၅-၂၇
ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ ... ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
ယေရမိအနာဂတ္တိကျမ်း ၃၁:၃၁-၃၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်