ကောင်းမကောင်းသိကျွမ်းရာအပင်က သေခြင်းကိုဖြစ်စေပြီး၊ အသက်ပင်ဟာ ထာဝရအသက်ကိုပေးပါတယ်။ ဧဒင်ဥယျာဉ်ထဲမှာ အာဒံနဲ့ ဧဝဟာ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီး စားတဲ့အတွက် နှင်ထုတ်ခံခဲ့ရပြီး သေရတော့မှာဖြစ်ပါတယ်။ လူသားတွေဟာ ကောင်းကင်မှာ အပြစ်ကျူးလွန်တဲ့အတွက် သေဖို့သတ်မှတ်ခံထားရတယ်ဆိုတာကို ဒီသမိုင်းက ပြသနေပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယေရှုခရစ်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဒီမြေကြီးကို ကြွလာခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ၊ ခရစ်တော်အန်ဆန်ဟုန်းဟာ အသက်ပင်ရဲ့အစစ်အမှန်ဖြစ်တဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲအားဖြင့် ထာဝရအသက်ကို ခွင့်ပြုပေးခဲ့ပါတယ်။ အသက်ပင်ကို ယူဆောင်လာတဲ့ ခရစ်တော်အန်ဆန်ဟုန်းဟာ မိက္ခာအနာဂတ္တိကျမ်းထဲမှာ ကြိုတင်ဟောထားတဲ့ ဇိအုန်ရဲ့အတိုင်ပင်ခံဖြစ်ပါတယ်။ သူဟာ လူသားတွေရဲ့ နောက်ဆုံးကယ်တင်ခြင်းဟာ အမေဘုရားသခင်အပေါ် မူတည်တယ်ဆိုတာကို သိစေခဲ့ပါတယ်။
“ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ဖြစ်၍၊
ကောင်းမကောင်းကိုသိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကိုရခြင်းငှာ၊
လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊”
ကမ္ဘာဦးကျမ်း ၃:၂၂
“ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊
အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ...”
ရှင်ယောဟန်ခရစ်ဝင် ၆:၅၃-၅၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်