ဧလိယဟာ မိစ္ဆာပရောဖက် (၈၅၀)နဲ့ တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး၊ သူငယ် ဒါဝိဒ်ဟာ ဧရာမဂေါလျတ်ကို အောင်နိုင်ခဲ့ပါတယ်။ ဂိဒေါင်ရဲ့စစ်သည် (၃၀၀)ဟာလည်း မိဒျန်စစ်သည် (၁၃၅,၀၀၀)ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဣသရေလလူတွေဟာ သဲကန္တာရထဲမှာ အနှစ် (၄၀)ပတ်လုံး ဆင်းရဲဒုက္ခခံခဲ့ရသလို၊ ကနဦးအသင်းတော် သန့်ရှင်းသူတွေဟာလည်း ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ အာဇာနည်အဖြစ် အသေခံရခြင်းတွေကို ရင်ဆိုင်ရင်း ဧဝံဂေလိကို ဟောပြောခဲ့ကြပါတယ်။ သူတို့ဟာ ဆင်းရဲဒုက္ခတွေကြားမှာ စိတ်နှလုံးကို သန့်စင်ခံခဲ့ရပြီး ဘုရားသခင်ဆီကနေ ယုံကြည်ခြင်းကို အသိအမှတ်ပြုခံရပါတယ်။ နောက်ဆုံးမှာ သူတို့ဟာ အောင်ပွဲရဲ့ ဘုန်းတော်ကို ရရှိခဲ့ကြပါတယ်။
ဘုရားသခင်ဟာ သူ့ရဲ့သားသမီးတွေ ဆင်းရဲဒုက္ခခံရမှာနဲ့ မာရ်နတ်ရဲ့ နှောင့်ယှက်မှုကို ခံရမှာကို ကြိုတင်သိမြင်တော်မူခဲ့ပါတယ်။ ဒါပေမဲ့ အနန္တတန်ခိုးတော်နဲ့ နိမိတ်လက္ခဏာတွေ မပြသခင်မှာ၊ စစ်ကြောစုံစမ်းခြင်းအားဖြင့် ဘုရားသခင်ကို ရိုသေလေးစားခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာနဲ့အတူ အဆိုးကိုငြင်းပယ်ပြီး အကောင်းကို လိုက်လျှောက်တဲ့ စိတ်နှလုံးရှိလာအောင် အရင်ဆုံး သူတို့ကို လမ်းညွှန်ခဲ့ပါတယ်။
ငွေစစ်စရာဖို့ မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့ မီးဖိုကိုလည်းကောင်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။ သုတ္တံကျမ်း ၁၇:၃
အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊ ဟေရှာယအနာဂတ္တိကျမ်း ၄၆:၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်