လူသားတွေဟာ ကောင်းကင်မှာ အပြစ်ကျူးလွန်ပြီး ဒီမြေကြီးကို ပစ်ချခြင်းခံခဲ့ရတယ်ဆိုတာကို သမ္မာကျမ်းစာက သက်သေပြုနေပြီး၊ ယေရှုခရစ်ဟာ လူသားတွေ ကောင်းကင်နိုင်ငံကို ပြန်သွားနိုင်ဖို့ သူတို့ကို အပြစ်ခွင့်လွှတ်ခြင်းပေးဖို့အတွက် ဒီမြေကြီးကိုကြွလာတယ်ဆိုတာကို သက်သေပြုနေပါတယ်။
ဒါကြောင့် ယေရှုခရစ်ဟာ လက်ဝါးကပ်တိုင်ဒုက္ခဝေဒနာကို ခံစားခဲ့ပြီး သေတဲ့အထိ ပေးဆပ်တော်မူခဲ့တာဖြစ်ပါတယ်။
ဘုရားသခင်ဆီ ပြန်လာတဲ့ နောင်တရခြင်းဟာ ဘုရားသခင်ရဲ့ပေးဆပ်မှုနဲ့ အောင်မြင်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပွဲတော်တွေကို စောင့်ခြင်းအားဖြင့် ပြီးမြောက်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ကြွလာခဲ့တဲ့ ယေရှုခရစ်၊ ဗတ္တိဇံဆရာယောဟန်နဲ့ ကနဦးအသင်းတော်ရဲ့သန့်ရှင်းသူတွေအပြင် သန့်ရှင်းသောဝိညာဉ်တော်ခေတ် ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင် အားလုံးဟာ နောင်တရခြင်းကို အလေးထားခဲ့ကြပါတယ်။
ဒါဟာ နောင်တရခြင်းက ဘုရားသခင်ဆီ ပြန်သွားနိုင်တဲ့ တစ်ခုတည်းသောလမ်းဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။
ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။
ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။
ရှင်ယောဟန်သြဝါဒစာပထမစောင် ၁:၈-၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်