လူသားအားလုံးဟာ ကောင်းကင်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ဘုရားသခင်ရဲ့ပြစ်ဒဏ်ကို ခံထိုက်တဲ့ ကြီးလေးတဲ့အပြစ်သားတွေဖြစ်ခဲ့ကြပေမယ့်၊ ဘုရားသခင်က လူ့ဇာတိနဲ့ ဒီမြေကြီးကိုကြွလာပြီး ပဋိညာဉ်တရားသစ်အားဖြင့် အပြစ်ခွင့်လွှတ်ပေးပြီး ဘုရားသခင်ရဲ့သားသမီးအနေနဲ့ ကောင်းကင်ကို ပြန်လည်မျှော်လင့်နိုင်စေခဲ့ပါတယ်။
ဘုရားသခင်ဟာ အမှောင်ခေတ်ကာလအတွင်း ပျောက်ဆုံးခဲ့တဲ့ ပဋိညာဉ်တရားသစ်ကို ပြန်လည်တည်ထောင်ပြီး လူသားတွေအတွက် ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးဖို့အတွက်၊ လက်ဝါးကပ်တိုင်ရဲ့နာကျင်မှုကို ခံစားခဲ့ရတဲ့ ဒီမြေကြီးကို တစ်ဖန်ကြွလာခဲ့ပါတယ်။ ကောင်းကင်သားသမီးတွေဟာ သေခြင်းရဲ့နာကျင်မှုကတောင် မတားဆီးနိုင်တဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့ကြပါတယ်။ ဒါကြောင့် ကောင်းကင်မိသားစုဖြစ်လာတဲ့ ဇိအုန်ညီအစ်ကိုမောင်နှမတွေဟာ အချင်းချင်းချစ်ခြင်းအားဖြင့် ဘုရားသခင်ဆီကနေရရှိတဲ့ ချစ်ခြင်းမေတ္တာကို လက်တွေ့ကျင့်သုံးသင့်ပါတယ်။
သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ ရှင်ယောဟန်ခရစ်ဝင် ၁၃:၃၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်