ဒီနေ့ခေတ်၊ ကမ္ဘာတစ်ဝန်းလုံးက လူများစွာဟာ တနင်္ဂနွေနေ့မှာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြပါတယ်။ ဒါပေမဲ့၊ ဘုရားသခင် ကောင်းချီးပေးပြီး သန့်ရှင်းစွာ စောင့်ဖို့ မိန့်မှာထားတဲ့နေ့ဟာ ဥပုသ်နေ့ (စနေနေ့) ဖြစ်ပါတယ်။
ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်ကို တက်ရုံနဲ့ မသွားနိုင်ပါဘူး။ ဘုရားသခင်ဟာ သူ့ရဲ့လူမျိုးတွေကိုပေးဆောင်တဲ့ နိမိတ်လက္ခဏာဖြစ်တဲ့ ဥပုသ်နေ့ကို စောင့်တဲ့သူတွေပဲ ကောင်းကင်ကို သွားနိုင်ပါတယ်။
ကျော်ကြားတဲ့ အောင်နိုင်သူ၊ နိုင်ငံရေးသမားနဲ့ ချမ်းသာသူတွေအားလုံး ကွယ်လွန်သွားခဲ့သလို၊ လူတွေအားလုံး သေဆုံးပြီး ကောင်းကင် ဒါမှမဟုတ် ငရဲမှာ ထာဝရအချိန်တွေကို ကုန်ဆုံးကြရမှာဖြစ်ပါတယ်။ ဒါကိုသိတယ်ဆိုရင် ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင် သင်ပေးတဲ့ ကောင်းကင်သွားရာလမ်း၊ သမ္မာကျမ်းစာထဲက ဥပုသ်နေ့ကို စောင့်ရမှာ ဖြစ်ပါတယ်။
“ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ... ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။”
ထွက်မြောက်ရာကျမ်း ၂၀:၈-၁၁
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။”
ရှင်မဿဲခရစ်ဝင် ၇:၂၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်