လက်ျာလက်နဲ့ လက်ဝဲလက်ကို ပိုင်းခြားပြီး မသိနိုင်တဲ့ နိနေဝေမြို့သား
(၁၂၀,၀၀၀)ဟာ ဘုရားသခင်ရဲ့အမိန့်တော်ကို လက်ခံတဲ့ ယောနရဲ့
တရားဟောခြင်းကို ကြားပြီး၊ နောင်တရခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာလည်း
ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို မပိုင်းခြားတတ်တဲ့ လူသားအားလုံးဆီ
ကယ်တင်ခြင်းနဲ့ အပြစ်ခွင့်လွှတ်ခြင်းရဲ့ အမှန်တရားဖြစ်တဲ့
ပဋိညာဉ်တရားသစ်ပသခါပွဲကို ဟောပြောသင့်ကြပါတယ်။
မောရှေခေတ်တုန်းက မိမိတို့အိမ်ရဲ့ တံခါးတွေမှာ ပသခါသိုးသငယ်ရဲ့
အသွေးကို သုတ်လိမ်းခဲ့တဲ့အိမ်တွေဟာ ဘေးဒဏ်ကနေ လွတ်မြောက်ခဲ့သလိုမျိုး၊
ဓမ္မသစ်ခေတ်မှာ ပသခါမုန့်နဲ့ စပျစ်ရည်အားဖြင့် ယေရှုခရစ်ရဲ့
အသားနဲ့အသွေးထဲမှာ ပါဝင်တဲ့သူဟာ ကယ်တင်ခြင်းတံဆိပ်ကို
လက်ခံရရှိနိုင်ပါတယ်။
ခရစ်တော်အန်ဆန်ဟုန်းဟာ ပဋိညာဉ်တရားသစ်ပသခါကို သက်သေပြုခဲ့ပါတယ်။
သူဟာ ကျမ်းစာထဲမှာ ကြိုတင်ဟောထားတဲ့အတိုင်း
နောက်ဆုံးသောနေ့မှာလူသားတွေရဲ့အပြစ်ကို ခွင့်လွှတ်ပေးဖို့အတွက်
တစ်ခါပြန်ကြွလာတဲ့ဘုရားသခင်ဖြစ်ပါတယ်။
“ထာဝရဘုရားမိန့်တော်မူသည်ကား…
ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊
ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။...
ငါသည် သူတို့အပြစ်များကို သည်းခံမည်။
သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲ နေမည်။”
ယေရမိအနာဂတ္တိကျမ်း ၃၁:၃၁-၃၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်