လူတချို့ဟာ သမ္မာကျမ်းစာကို ဣသရေလနိုင်ငံရဲ့သမိုင်းစာအုပ် ဒါမှမဟုတ် ဒဏ္ဍာရီစာအုပ်တစ်အုပ်အဖြစ် မှတ်ယူကြပါတယ်။ ဒါပေမဲ့၊ သမ္မာကျမ်းစာဟာ နှစ်ပေါင်း (၁၆၀၀)ကျော်ကာလအတွင်း၊ အလုပ်အကိုင်အမျိုးမျိုး၊ အသက်အရွယ်အမျိုးမျိုးရှိတဲ့ လူများစွာက မတူညီတဲ့အချိန်တွေမှာ ရေးသားခဲ့တဲ့ ကမ္ဘာပေါ်က ရှေးအကျဆုံးစာအုပ်ဖြစ်ပါတယ်။ ပိုပြီး အံ့သြစရာကောင်းတာကတော့၊ နှစ်ပေါင်း (၁,၆၀၀)အတွင်း ရေးမှတ်ထားတဲ့အရာအားလုံးက ကြိုတင်ဟောစကားနဲ့ ပြည့်စုံခြင်းအဖြစ် ဆက်စပ်နေတာပဲ ဖြစ်ပါတယ်။ သမ္မာကျမ်းစာရဲ့မှတ်တမ်းတွေထဲမှာ ကုရုမင်းနဲ့ပတ်သက်တဲ့ ကြိုတင်ဟောကြားချက်နဲ့ အဲဒါရဲ့ပြည့်စုံခြင်းအကြောင်းကို လေ့လာကြပါစို့။ ကုရုမင်းဟာ ပါရှန်အင်ပါယာကို တည်ထောင်ခဲ့သူဖြစ်ပြီး အရှေ့တိုင်းကို အောင်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ သူ့ရဲ့ကြီးမားတဲ့အောင်မြင်မှုအကြောင်းကို ကြည့်ကြရအောင်။
ပေရသိရှင်ဘုရင် ကုရုမင်း မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည်ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ ဧဇရ ၁:၂-၃
ပါရှားရှင်ဘုရင် ကုရုမင်းဟာ ဘာကြောင့် ဣသရေလရဲ့ဘုရားသခင်ကို ချီးမွမ်းပြီး ဣသရေလလူတွေကို လွတ်မြောက်စေခဲ့တာပါလဲ။
ကုရုမင်းဟာ ဣသရေလလူတွေကို သူလွတ်မြောက်မပေးခင် နှစ်ပေါင်း (၁၇၀)အလိုက ရေးထားခဲ့တဲ့ ဟေရှာယကျမ်းထဲမှာ သူ့ရဲ့နာမည်ကို တွေ့ခဲ့ပါတယ်။
“... အကြင်သူ၏ လက်ယာလက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊ မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထားသောဥစ္စာတို့ကို သင့်အားငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။” ဟေရှာ ၄၅:၁-၃
ကုရုမင်းဟာ ဗာဗုလုန်ကိုသိမ်းပိုက်ဖို့ ဘုရားသခင်က သူ့ကိုကူညီပေးခဲ့ပြီး သမ္မာကျမ်းစာထဲမှာ ကြိုတင်ဟောထားတဲ့အတိုင်း ဣသရေလလူမျိုးတွေကို သူလွတ်မြောက်ပေးခဲ့တာကို နားလည်လာခဲ့ပါတယ်။ ရလဒ်အနေနဲ့၊ လူတွေဟာ ကုရုမင်းကို ကျွန်တွေကိုလွတ်လပ်ခွင့်ပေးပြီး ဘာသာရေးလုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုခဲ့တဲ့ ရှေးခေတ်ဘုရင်တစ်ပါးအဖြစ် ချီးမွမ်းခြင်းခံရဆဲဖြစ်ပါတယ်။ သမ္မာကျမ်းစာဟာ ယေရှုခရစ်ရဲ့ မွေးဖွားခြင်းအကြောင်းကိုလည်း သူဒီမြေကြီးကိုကြွမလာခင် နှစ်ပေါင်း (၇၀၀)လောက်အလိုက ကြိုပြောထားပါတယ်။
“...သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။” ဟေရှာ ၇:၁၄
ဒီကြိုတင်ဟောကြားချက်အတိုင်း၊ အပျိုစင်မာရိရဲ့ ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်ဟာ ယေရှုခရစ်အဖြစ် မွေးဖွားလာခဲ့ပါတယ်(မ ၁:၁၈-၂၃)။ ထပ်ပြီးတော့၊ ကျမ်းစာဟာ ယေရှုခရစ် ဘယ်လိုဆင်းရဲဒုက္ခခံရမယ်ဆိုတာကို အသေးစိတ် ကြိုတင်ဟောထားပါတယ်။
မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင် အယုတ်ဆုံးသောသူဖြစ်၏။ ... ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ ဟေရှာ ၅၃:၃-၅
ဒီကြိုတင်ဟောစကားအတိုင်း၊ ယေရှုခရစ်ဟာ လှံနဲ့ ကြာပွတ်နဲ့ အရိုက်ခံခဲ့ရပါတယ်(မ ၂၇:၂၆-၃၅၊ ယော ၁၉:၃၄)။ သမ္မာကျမ်းစာရဲ့ကြိုတင်ဟောစကားကို ရေးထားတုန်းက လူတွေဟာ နားမလည်ခဲ့ကြပေမယ့်၊ အဲဒါတွေအားလုံး ပြည့်စုံခဲ့ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာဟာ ကြိုတင်ဟောစကားကို မထီမဲ့မြင်မပြုဖို့ သတိပေးထားပါတယ်(၁ သက် ၅:၂၀)။ သမ္မာကျမ်းစာရဲ့ကြိုတင်ဟောစကားကို မထီမဲ့မြင်ပြုရင် ကယ်တင်ခြင်းမခံရနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကြိုတင်ဟောစကားတွေက အတိအကျ ပြည့်စုံလာခဲ့သလို၊ ကျန်ရှိနေသေးတဲ့ ကြိုတင်ဟောစကားတွေလည်း ကျိန်းသေဖြစ်လာမှာဖြစ်ပါတယ်။
“အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသော ပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။” လု ၂၁:၁၁
နောက်ဆုံး ကြီးမားတဲ့ဘေးဒဏ်နဲ့ ပျက်စီးခြင်းကျရောက်တဲ့အခါ ကယ်တင်ခြင်းခံရဖို့အတွက် ဇိအုန်ကို ပြေးသွားရမယ်လို့ သမ္မာကျမ်းစာက သင်ပေးနေပါတယ်။
စည်းဝေး၍ ... ဇိအုန်တောင်ပေါ်မှာ အလံကိုထူကြလော့။ လွတ်အောင်ပြေးကြလော့။ ရပ်၍မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသောပျက်စီးခြင်းဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည်ဆောင်ခဲ့မည်။ ယေ ၄:၅-၆
ဘုရားသခင်ရဲ့ပွဲတော်တွေကိုစောင့်တဲ့ ဇိအုန်ဟာ ကယ်တင်ခြင်းမှီခိုရာနေရာဖြစ်ပါတယ်(ဟေရှာ ၃၃:၂၀)။ ကမ္ဘာပေါ်မှာ ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်းဟာ သမ္မာကျမ်းစာ ရဲ့သင်ကြားမှုအတိုင်း ဘုရားသခင်ရဲ့ပွဲတော်တွေကိုစောင့်တဲ့ တစ်ခုတည်းသောအသင်းတော်ဖြစ်ပြီး ဇိအုန်ဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်