ဂိဒေါင်ဟာ ဣသရေလအမျိုးအားလုံးမှာ အနိမ့်ဆုံးအနွယ်ဝင်ဖြစ်ပြီး သူ့မိသားစုမှာ အငယ်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့၊ သူဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံခြင်းအားဖြင့် စစ်သား ၃၀၀ နဲ့ပဲ မိဒျန်လူ ၁၃၅၀၀၀ ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ မောရှေနဲ့ ယောရှုလည်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံခြင်းအားဖြင့် အာမလက်လူတွေကို အနိုင်ယူခဲ့ပါတယ်။ ဒီလိုပါပဲ၊ ဒီနေ့ခေတ် အရာရာတိုင်းရဲ့အောင်ပွဲဟာ ဘုရားသခင်ရဲ့ အကူအညီကို ယုံကြည်ခြင်းနဲ့ နာခံခြင်းကနေ လာပါတယ်။
“ဘုရားသခင်သည် အားနည်းသောသူတစ်ယောက်ကို အားကြီးသောလူမျိုး ဖြစ်စေလိမ့်မည်”ဆိုပြီး ဟေရှာယ ကြိုတင်ဟောထားတဲ့အတိုင်း၊ ဒီကမ္ဘာပေါ်ကအရာအားလုံးဟာ ဘုရားသခင်ရဲ့အစီအစဉ်အတိုင်း ပြီးမြောက်နေပြီဖြစ်တယ်ဆိုတာကို သိမြင်ပြီး အသေးအဖွဲလို့ထင်ရတဲ့ ဘုရားရဲ့နှုတ်ကပတ်တော်ကိုတောင် နာခံတဲ့သူဟာ ကောင်းချီးခံရမှာဖြစ်ပါတယ်။
ဂိဒေါင်ကလည်း၊ ... အကျွနု်ပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲပါ၏။ အကျွနု်ပ်သည်လည်း၊ ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသော သူဖြစ်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက၊ အကယ်စင်စစ် ငါသည် သင်နှင့်အတူရှိသဖြင့်၊ သင်သည် လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။
တရားသူကြီးမှတ်စာ ၆:၁၅-၁၆
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည်တော်ကို အစဉ်အမြဲ အမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်းငှာ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသောပျိုးပင် ဖြစ်ရကြလိမ့်မည်။ သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုး ဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။
ဟေရှာယအနာဂတ္တိကျမ်း ၆၀:၂၁-၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်