မောရှေက ဒုတိယမြောက်ပညတ်တော်ဆယ်ပါးကျောက်ပြားကို ခံယူတဲ့ သန့်ရှင်းသောပြက္ခဒိန် သတ္တမလ၊ ဆယ်ရက်နေ့ဖြစ်တဲ့ အပြစ်ဖြေရာနေ့ကို ပြင်ဆင်နိုင်အောင် ဣသရေလလူတွေကို နောင်တရ တံပိုးကို မှုတ်စေတဲ့နေ့က သန့်ရှင်းသောပြက္ခဒိန် သတ္တမလ၊ တစ်ရက်နေ့ဖြစ်တဲ့ တံပိုးမှုတ်ပွဲ ဖြစ်ပါတယ်။
ဝိညာဉ်ရေးအရ ဒါဟာ ကောင်းကင်မှာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကို ကျူးလွန်ခဲ့ပြီး ဒီမြေကြီးကို နှင်ထုတ်ခံရတဲ့ လူသားတွေဆီ “ပဋိညာဉ်တရားသစ်အားဖြင့် ဘုရားသခင်ဆီ ပြန်လာကြလော့”ဆိုပြီး နောင်တရခြင်းကို တွန်းအားပေးတဲ့ပွဲတော် ဖြစ်ပါတယ်။
ကောင်းကင်နီးလာတဲ့ဒီနေ့ခေတ်မှာ စုံလင်တဲ့ နောင်တရခြင်းအားဖြင့် ကောင်းကင်ကို ကတိပြုခံရတဲ့သူတွေဟာ ကမ္ဘာတစ်ဝန်းလုံးလူတွေအားလုံး နောင်တရပြီး ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဆီ ပြန်လာနိုင်အောင် ပဋိညာဉ်တရားသစ်အားဖြင့် သူတို့ကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ ပေးဆပ်မှုနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို တံပိုးမှုတ်ကြရမှာ ဖြစ်ပါတယ်။
“သင်တို့သည်သတ္တမလ၊ ပထမနေ့ရက်၌တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုသ်နေ့ကို စောင့်ရကြမည်။”
ဝတ်ပြုရာကျမ်း ၂၃:၂၄
“အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။”
ရှင်မာကုခရစ်ဝင် ၁:၁၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်