လူများစွာဟာ အသင်းတော်ကို တက်ရောက်ရုံနဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့လူမျိုး ဖြစ်လာမယ်လို့ ယုံကြည်ကြပါတယ်။
ဒါပေမဲ့၊ ဘုရားသခင်ဟာ အသက်ရဲ့ပညတ်အားဖြင့် လူမျိုးအစစ်နဲ့ အတုကို ခွဲခြားတော်မူပါတယ်။
ကောင်းကင်မှာ နိုင်ငံသားဖြစ်ခွင့်ရထားတဲ့ ဘုရားသခင်ရဲ့လူမျိုးတွေဟာ ဖန်ဆင်းရှင်ရဲ့တန်ခိုးကို အထိမ်းအမှတ်ပြုတဲ့ ဥပုသ်နေ့နဲ့၊ ကယ်တင်ရှင်ရဲ့တန်ခိုးကို အထိမ်းအမှတ်ပြုတဲ့ ပသခါပွဲကို စောင့်ကြရမှာဖြစ်ပါတယ်။
ဉာဏ်ပညာရဲ့ရှင်ဘုရင် ရှောလမုန်ဟာ ပန်းအစစ်နဲ့ ပန်းအတုကို ခွဲခြားဖို့အတွက် ပျားနဲ့ လိပ်ပြာတွေကို အသုံးပြုခဲ့သလို၊ ဘုရားသခင်ဟာ ဥပုသ်နေ့နဲ့ ပသခါပွဲစတဲ့ ပညတ်တော်တွေအားဖြင့် သူ့ရဲ့လူမျိုးအစစ်ကို ခွဲခြားတော်မူပါတယ်။
ဒီနေ့၊ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ များပြားလှတဲ့ မိသားစုဝင်တွေဟာ ဘုရားသခင်ရဲ့လူမျိုးတွေရဲ့ လက္ခဏာဖြစ်တဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ သင်ကြားမှုတွေအားဖြင့် ပြန်လည်တည်ထောင်ထားခဲ့တဲ့ ဘုရားသခင်ရဲ့ပညတ်တော်တွေကို စောင့်ရှောက်ကြပါတယ်။
ကြောင်းမူကား၊ အထက်အဖန်ဖန် ငါပြော၍၊ ယခုပင် မျက်ရည်ကျလျက်နှင့် ပြောသည်အတိုင်း၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိကြ၏။
ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဖွယ်သော အကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။
ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ...
ဖိလိပ္ပိသြဝါဒစာ ၃:၁၈-၂၀
ဥပုသ်နေ့သည် သင်တို့အားသန့်ရှင်းသောကြောင့် ထိုနေ့ကိုစောင့်ရကြမည်။ ဥပုသ်နေ့ကိုဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
ထွက်မြောက်ရာကျမ်း ၃၁:၁၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်