“နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်”ဆိုတဲ့ နှုတ်ကပတ်တော်က မသေချာတဲ့ မနက်ဖြန်အထိ ကောင်းချီးခံစားရမယ့် အခွင့်အရေးကို မရွှေ့ဆိုင်းဖို့ အရေးကြီးတယ်လို့ ဘုရားသခင် သတိပေးထားပါတယ်။ အဲဒီအစား ကျွန်ုပ်တို့ဟာ ဒီနေ့ပဲ ညီအစ်ကိုမောင်နှမတွေနဲ့ ချစ်ခြင်းမေတ္တာကို မျှဝေပြီး၊ ဒီနေ့ ဆုတောင်းကာ၊ ပြုမိတဲ့အမှားတွေအတွက် ဒီနေ့ နောင်တရပြီး၊ ကယ်တင်ခြင်းသတင်းကိုလည်း ဒီနေ့ ဟောပြောရမှာ ဖြစ်ပါတယ်။
လမ်းမှာ အမှန်တရားကို နားလည်တာနဲ့ ဗတ္တိဇံခံခဲ့တဲ့ အီသီယိုးပီးယားမိဖုရား ကန္ဒက်ရဲ့ အမတ်နဲ့၊ မိုးလင်းတဲ့အထိ မစောင့်ဘဲ ညသန်းခေါင်မှာ ဗတ္တိဇံခံခဲ့တဲ့ ထောင်မှူးနဲ့ သူ့အိမ်သူအိမ်သားတွေရဲ့ သမိုင်းဖြစ်ရပ်တွေကတစ်ဆင့်၊ ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်က ဒီနေ့ခေတ်မှာလည်း ပဋိညာဉ်တရားသစ် ဧဝံဂေလိဖြစ်တဲ့ ကယ်တင်ခြင်းသတင်းကို နားလည်သိမြင်တာနဲ့ ချက်ချင်းဟောပြောမှပဲ လောကကို ကယ်တင်နိုင်တယ်လို့ သွန်သင်ပေးခဲ့ပါတယ်။
နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။ သုတ္တံကျမ်း ၂၇:၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်