ဘုရားသခင်ကို ယုံကြည်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ သွန်သင်ချက်တွေအတိုင်း သကေနေပွဲကို မဖြစ်မနေ စောင့်ရမှာဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်က ပရောဖက် ဇာခရိအားဖြင့် သကေနေပွဲကို စောင့်တဲ့သူတွေကို သန့်ရှင်းသောဝိညာဉ်တော် ပေးတော်မူပြီး မစောင့်တဲ့သူတွေကိုတော့ အပြစ်ဒဏ်ချမှတ်တော်မူမယ်လို့ မိန့်တော်မူခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ပထမအကြိမ် ကြွလာချိန်မှာ ယေရှုခရစ်က သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူခဲ့ပြီး၊ ဒုတိယအကြိမ် ကြွလာချိန်မှာတော့ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးက သကေနေပွဲမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူပါတယ်။ “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက အသက်ရေကို ပေးတော်မူသည်”၊ “အသက်ရေသည် ယေရုရှလင်မြို့မှ စီးထွက်လိမ့်မည်”၊ “အသက်ရေမြစ်သည် ဘုရားသခင်၏ ပလ္လင်တော်မှ စီးဆင်းသည်”ဆိုတဲ့ သမ္မာကျမ်းစာရဲ့ ကြိုတင်ဟောစကားတွေက ယေရုရှလင် ကောင်းကင်အမေက သန့်ရှင်းသောဝိညာဉ်တော်နဲ့ အသက်ကိုဆီပို့ဆောင်တဲ့ သွန်သင်ချက်တွေကို ပေးလိမ့်မယ်လို့ ကြိုတင်ဟောထားပါတယ်။
ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊ ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ... ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။... ရှင်ယောဟန်ခရစ်ဝင် ၇:၂–၃၉
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။ ဗျာဒိတ်ကျမ်း ၂၂:၁၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်