ရာသီဥတုပြောင်းလဲမှုနည်းပါးတဲ့ အပူပိုင်းဒေသတွေက သစ်ပင်တွေမှာ အသက်ကွင်းတွေ မထင်ရှားပေမယ့်လည်း၊ ရာသီဥတုပြောင်းလဲမှု၊ ရောဂါတွေ၊ မိုးခေါင်မှုနဲ့ ရေကြီးခြင်းတွေကို ခံစားခဲ့ရတဲ့ သစ်ပင်တွေမှာ သိသာထင်ရှားတဲ့အသက်ကွင်း ရှိပါတယ်။ ဒီလိုပါပဲ၊ လူတစ်ဦးစီတိုင်းပေါ်မှာ ကောင်းကင်နိုင်ငံအတွက် ဘယ်လိုအသက်တာမျိုးကို ရှင်သန်ခဲ့တာကို ဆုံးဖြတ်ပေးတဲ့ အသက်ကွင်းတွေ ရှိကြပါတယ်။ ဒါကြောင့်၊ ဝိညာဉ်တစ်ဦးကို ကယ်တင်ချင်တဲ့ ထက်သန်တဲ့စိတ်နှလုံးအားဖြင့် ဘုရားသခင်ရဲ့အလိုတော်ကို လက်တွေ့ကျင့်သုံးဖို့ အရေးကြီးပါတယ်။
နေ့တိုင်း၊ လူတစ်ဦးချင်းစီတိုင်းဟာ အိမ်မှာဖြစ်စေ၊ အသင်းတော်မှာဖြစ်စေ ကောင်းကင်ဆိုင်ရာ အသက်ကွင်းတွေကို ဖွဲ့စည်းနေကြပါတယ်။ ဧဝံဂေလိတရားဟောပြောခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ဆုတောင်းခြင်းမှာ ကျွန်ုပ်တို့ရဲ့အချိန်ပေးတဲ့ စိတ်သဘောထားက ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဆိုင်ရာ အသက်ကွင်းတွေကို အဆုံးအဖြတ်ပေးပါတယ်။ လူတစ်ဦးချင်းစီတိုင်းဟာ အဲဒီအတိုင်း ကောင်းချီးမင်္ဂလာတွေနဲ့ ဆုလာဘ်တော်ကို ချီးမြှင့်ခံရမှာဖြစ်ပါတယ်။
ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ဗျာဒိတ်ကျမ်း ၂၂:၁၂
မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။ ဂလာတိသြဝါဒစာ ၆:၈-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်