ယေရှုခရစ်ဟာ တရားဟောခြင်းအားဖြင့် လူသားတွေကို အပြစ်ထဲက ကယ်တင်တဲ့ပုံသက်သေကို ကိုယ်တိုင် ပြသတော်မူခဲ့ပါတယ်။ “လောကကို ကယ်တင်ကြလော့”လို့ မိန့်တော်မူပြီး၊ ကျွန်ုပ်တို့ကို ပဋိညာဉ်တရားသစ်အမှုထမ်းတွေအဖြစ် ထမ်းဆောင်ရမယ့်တာဝန်ကို ပေးတော်မူခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ကိုယ်လုပ်ချင်တာကိုပဲ လုပ်ခဲ့တဲ့ ဧသောလို မဖြစ်ဘဲ၊ လုပ်သင့်တာကို အရင်လုပ်ခဲ့တဲ့ ယာကုပ်လို ဖြစ်ရပါမယ်။ အဲဒီအခါမှသာ ဘုရားသခင်ပေးတော်မူတဲ့ ကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
လုပ်သင့်တာကို လုပ်သူတွေနဲ့ မလုပ်သူတွေရဲ့ အကျိုးရလဒ်ဟာ ကောင်းကင်နိုင်ငံနဲ့ ငရဲဆိုပြီး ကွဲပြားသွားပါတယ်။ ယေရှုခရစ်လို တရားဟောတဲ့အသက်တာကို အသက်ရှင်ခဲ့ကြတဲ့ တမန်တော်တွေနဲ့အတူ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အံ့ဖွယ်အမှုတော် အမြဲရှိခဲ့သလိုပဲ၊ အခု ကျွန်ုပ်တို့ရဲ့တာဝန်က ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကြေညာဖို့ ဖြစ်ပါတယ်။
ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အား ပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။ ကောရိန်သုသြဝါဒစာဒုတိယစောင် ၃:၆
ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလို့ငှာ ငါကြွလာပြီဟု မိန့်တော်မူ၍၊ ရှင်မာကုခရစ်ဝင် ၁:၃၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်