ဘုရားသခင်ဟာ ရုပ်တုကိုးကွယ်ခြင်းမှာ ကျရောက်ခဲ့တဲ့ ဣသရေလလူတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးပြီး၊ ပညတ်တော်ဆယ်ပါးကို ဒုတိယအကြိမ် ခွင့်ပြုပေးခဲ့တဲ့ အပြစ်ဖြေရာနေ့ကို အောက်မေ့စေဖို့အတွက်၊ သန့်ရှင်းသောပြက္ခဒိန် သတ္တမလ၊ ပထမနေ့ကို တံပိုးမှုတ်ပွဲအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင်၊ တံပိုးမှုတ်ပွဲမှာ နောင်တရခြင်းကိုတိုက်တွန်းတဲ့ တံပိုးကို မှုတ်ခဲ့သလိုပဲ၊ ယေရှုခရစ်ကလည်း ဒီမြေကြီးကို ကြွလာပြီး “နောင်တရကြလော့”လို့ မိန့်တော်မူရင်း လူသားတွေကို နောင်တရဖို့ တိုက်တွန်းခဲ့ပါတယ်။
အိမ်ပြေးသားရဲ့ဥပမာနဲ့ နိနေဝေမြို့က လူပေါင်း (၁၂၀,၀၀၀)ကို ကယ်တင်ခြင်းဆီ ခေါ်ဆောင်ခဲ့တဲ့ ယောနရဲ့ သမိုင်းမှာ တွေ့မြင်နိုင်သလို၊ နောင်တရခြင်းရဲ့ သမိုင်းနောက်မှာ ဘုရားသခင်ရဲ့ ကြီးမားတဲ့ ကောင်းချီးတွေ အမြဲအသင့်ရှိနေပါတယ်။ ဒီနေ့ခေတ်မှာလည်း၊ ကျွန်ုပ်တို့ဟာ လောကဘက်ကို လှည့်ခဲ့တဲ့ မျက်စိနဲ့ နှလုံးသားတွေအတွက် ယောနလိုမျိုး အပြည့်အဝ နောင်တရပြီး၊ တစ်ကမ္ဘာလုံးက ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဆီ ပြန်လာဖို့ တံပိုးကို မှုတ်ရပါမယ်။
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည်သတ္တမလ၊ ပထမနေ့ရက်၌တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုသ်နေ့ကို စောင့်ရကြမည်။
သို့ဖြစ်၍၊ အို ဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်