ဘုရားသခင်ဟာ ပသခါပွဲရဲ့တန်ခိုးတော်အားဖြင့် မောရှေနဲ့ ဣသရေလလူတွေကို အဲဂုတ္တုပြည်ကနေ လွတ်မြောက်စေခဲ့ပါတယ်။ ဣသရေလလူမျိုးတွေ (၃၈) နှစ်ကြာအောင် မစောင့်ခဲ့တဲ့ပသခါပွဲကို ခါနာန်ပြည်မဝင်ခင် စောင့်စေခဲ့ပါတယ်။ ယေရှုခရစ် ကြွလာပြီး ပဋိညာဉ်တရားသစ် ပသခါပွဲအားဖြင့် လူသားတွေဆီ ထာဝရအသက်ကို ပေးခဲ့ပါတယ်။ ဒီအရာတွေအားဖြင့် ပသခါပွဲဟာ လူသားအားလုံးက သူတို့ရဲ့ဘိုးဘေးတွေဆီကနေ သင်ယူရမယ့် အရေးကြီးတဲ့ပညတ် ဖြစ်တယ်ဆိုတာကို နားလည်နိုင်ပါတယ်။
နှစ်ပေါင်း (၁,၆၀၀) တိုင်တိုင် မစောင့်ခဲ့တဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲကို ဒီနေ့ခေတ် ခရစ်တော် အန်ဆန်ဟုန်းက ပြန်လည်သင်ကြားပေးပြီး၊ အမေဘုရားသခင်ရဲ့ လမ်းညွှန်မှုအောက်မှာ ကမ္ဘာတစ်ဝန်းလုံးက ဘုရားသခင်၏အသင်းတော်အဖွဲ့ဝင်တွေဟာ ပသခါပွဲကို သန့်ရှင်းစွာ စောင့်ရှောက်နေကြပါတယ်။ ဒါဟာ ပသခါပွဲထဲမှာ ဘုရားသခင်ရဲ့သားသမီးတွေ ဖြစ်လာစေတဲ့ အံ့သြဖွယ်ကောင်းချီးတွေ ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
“သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သော သဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင်အား တောင်းပန်လျှင်၊ စင်စစ် သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူသဖြင့်၊ သင်သည် အစအဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွားလိမ့်မည်။ လွန်လေပြီးသောကာလကို စစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှာ အားထုတ်ပါတော့။”
ယောဘဝတ္ထု ၈:၅–၈
“ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊ ... ထိုအခါ စားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ... ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ ...ခွက်ကိုလည်းယူ၍ ... သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှါသွန်းသော ငါ၏အသွေးဖြစ်၏။”
ရှင်မဿဲခရစ်ဝင် ၂၆:၁၇-၂၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်