လောကီမိသားစုစနစ်ကတစ်ဆင့်၊ ဘုရားသခင်ဟာ ကောင်းကင်မိသားစုရှိကြောင်း ကျွန်ုပ်တို့ကို သိစေခဲ့ပါတယ်။ မြေကြီးပေါ်က သားသမီးတွေဟာ မိဘရဲ့ အသားနဲ့အသွေးကို အမွေဆက်ခံရသလို၊ ကောင်းကင်သားသမီးတွေဟာ ပသခါမုန့်နဲ့ စပျစ်ရည်အားဖြင့် အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ရဲ့ အသားနဲ့အသွေးကို ရရှိရမှာဖြစ်ပါတယ်။ အဲဒီလိုလူတွေကပဲ ကောင်းကင်သားသမီးတို့အနေနဲ့၊ ဘုရားသခင်ကို အဖေ၊ အမေလို့ခေါ်နိုင်ပါတယ်။
ဒီနေ့ခေတ် ဘုရားသခင်၏အသင်းတော်အဖွဲ့ဝင်တွေဟာ ကမ္ဘာအနှံ့မှာ ကောင်းတဲ့အကျင့်အားဖြင့် ချီးကျူးခံရတဲ့အကြောင်းရင်းဟာ၊ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဆီက သင်ယူခဲ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပေးဆပ်မှုအားဖြင့် လူသားအားလုံးကို ချစ်မြတ်နိုးကြပြီး၊ ကျမ်းစာရဲ့ကြိုတင်ဟာစကားအတိုင်း ယေရုရှလင်ရဲ့ ဘုန်းတော်ကို တစ်ကမ္ဘာလုံးမှာ ပြည့်စေခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
အို ယေရုရှလင်မြို့၊ နေ့ညမပြတ် တိတ်ဆိတ်စွာမနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထားပြီ။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ တိတ်ဆိတ်စွာ မနေကြနှင့်။ ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း ဖြစ်စေတော်မမူမီတိုင်အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။ ဟေရှာယအနာဂတ္တိကျမ်း ၆၂:၆-၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်