သမ္မာကျမ်းစာဟာ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ဘဲ၊ လူသားတွေရဲ့ အနာဂတ်ကို အာမခံပေးတဲ့ ဘုရားသခင်ရဲ့ အသက်နှုတ်ကပတ်တော် ဖြစ်ပါတယ်။ ဗာဗုလုန်အင်ပါယာနောက်ပိုင်း ပေါ်လာမယ့် နိုင်ငံတွေရဲ့ ထွန်းကားခြင်းနဲ့ ကျဆုံးခြင်းအကြောင်း ဒံယေလကတစ်ဆင့် ပေးခဲ့တဲ့ ကြိုတင်ဟောစကားတွေ၊ ရေသံသရာအကြောင်း ဖော်ပြချက်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃,၅၀၀)က ယောဘဝတ္ထုမှာ ဖော်ပြထားတဲ့ ကမ္ဘာမြေကြီးက အာကာသထဲမှာ ဆွဲထားခြင်း ခံရတယ်ဆိုတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကတစ်ဆင့်၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖြစ်ကြောင်းကို ကျွန်ုပ်တို့သေချာပေါက် သိနိုင်ပါတယ်။
တမန်တော်ယောဟန်ဟာ သိုးသငယ်ရဲ့ အသက်စာစောင်မှာ နာမည်ရေးမှတ်ခံရတဲ့ ကယ်တင်ခြင်းခံရမယ့် သန့်ရှင်းသူတွေကို မြင်တွေ့ခဲ့ပါတယ်။ ဒီနေ့ခေတ်၊ တမန်တော်ယောဟန် ကြိုတင်မြင်တွေ့ခဲ့တဲ့အတိုင်း၊ အသက်စာစောင်မှာ နာမည်ရေးမှတ်ခံရတဲ့ ဘုရားသခင်၏အသင်းတော် အဖွဲ့ဝင်တွေဟာ ကောင်းကင်နိုင်ငံမှာ ခံစားရမယ့် ထာဝရဘုန်းတော်ကြောင့် အရမ်းစိတ်လှုပ်ရှားပြီး ကြိုတင်ဟောစကားတွေကို ပြည့်စုံစေကြပါတယ်။
သို့သော်လည်း၊ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစားကြလတ္တံ့ဟု အနက်အဓိပ္ပာယ်ကို ကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း ၇:၁၈
ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတ္တံ့။ ဗျာဒိတ်ကျမ်း ၂၂:၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်