ဘုရားသခင်ဘက်မှာ ရပ်တည်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ပညတ်တော်ဖြစ်တဲ့ ဥပုသ်နေ့ကို အောက်မေ့ပြီး သန့်ရှင်းစွာ စောင့်ကြပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ စာတန်ဘက်မှာရှိတဲ့သူတွေဟာ ဘုရားသခင်ရဲ့အလိုတော်ဖြစ်တဲ့ ဥပုသ်နေ့ကို ဆန့်ကျင်ကြပါတယ်။ သူတို့ဟာ နောက်ဆုံးမှာ တစ်လောကလုံးကို လှည့်ဖြားပြီး ပျက်စီးခြင်းဆီ ခေါ်ဆောင်မယ်လို့ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။
ဘုရားသခင်ဘက်မှာ ရပ်တည်တဲ့ ဘုရားသခင်ရဲ့လူမျိုးတွေဟာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို မပျက်မကွက် စောင့်ရှောက်ကြပါတယ်။ တမန်တော်ယောဟန်ဟာ သိုးသငယ်သွားလေရာရာ နောက်တော်သို့လိုက်တဲ့သူတွေကို “သန့်ရှင်းသူများ”လို့ ဖော်ပြထားပါတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို အဆုံးထိ စောင့်ရှောက်ခြင်းအားဖြင့် သည်းခံခြင်းကို ပြသတဲ့သူတွေဖြစ်တယ်လို့ ပြောထားပါတယ်။
ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄:၁၂
ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။ ထွက်မြောက်ရာကျမ်း ၂၀:၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်