သမ္မာကျမ်းစာဟာ ဒီခေတ်ကို ကြီးစွာသောအကျပ်အတည်းကာလအဖြစ် ကြိုတင်ဟောထားပါတယ်။
နိုင်ငံတွေအကြား စစ်ပွဲအမျိုးမျိုး ဆက်တိုက်ဖြစ်ပွားနေပြီး ရာသီဥတုဘေးအန္တရာယ်တွေ အများအပြား ဖြစ်ပေါ်လာတဲ့အခါ လူတွေဟာ အာကာသထဲ၊ သမုဒ္ဒရာအောက် ဒါမှမဟုတ် တွင်းနက်တူးပြီး လွတ်မြောက်ဖို့အတွက် ကိုယ်ပိုင်အစီအစဉ်တွေကို ပြုလုပ်ကြပေမယ့်
အမေဘုရားသခင် ကိန်းဝပ်တော်မူတဲ့ ဇိအုန်ကလွဲပြီး ကယ်တင်ခြင်းမှီခိုရာ မရှိဘူးလို့ အသိပေးထားပါတယ်။
ဘုရားသခင်ဟာ ဒံယေလဆီ နေဗုခဒ်နေဇာမင်းကြီးရဲ့အိပ်မက်ကို ဖွင့်ပြပြီး အနက်ဖွင့်ဆိုပေးခဲ့သလို၊ ဒီနေ့ခေတ်မှာလည်း ဘေးအန္တရာယ်တွေကြားမှာ အလုံခြုံဆုံးမှီခိုရာဟာ အမေဖြစ်ကြောင်းကို အသိပေးခဲ့ပါတယ်။
ကလေးငယ်တွေဟာ အန္တရာယ်ထဲမှာလည်း အမေရဲ့ရင်ခွင်ထဲမှာရှိတဲ့အချိန်ဟာ အလုံခြုံဆုံးလို့ ခံစားရသလိုပဲ ဘေးအန္တရာယ်ကာလမှာ လူသားတွေအတွက် အလုံးခြုံဆုံးနေရာဟာ အမေဘုရားသခင်ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပြည်တစ်ပြည်လုံး၌ ရှိလေသမျှတို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
လူနှင့် တိရစ္ဆာန်တို့ကို ပယ်ရှင်းမည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ အဓမ္မလူတို့နှင့်တကွ ပြစ်မှားစရာအကြောင်းတို့ကိုလည်းကောင်း ငါပယ်ရှင်းမည်။ မြေတစ်ပြင်လုံး၌ရှိသော လူသတ္တဝါတို့ကိုလည်း ငါပယ်ရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဇေဖနိအနာဂတ္တိကျမ်း ၁:၂-၃
သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့်၊
ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့်တကွ စားသောက်လျက်နေ၏။
ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသော အချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊
ထိုကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတ္တံ့။
ရှင်မဿဲခရစ်ဝင် ၂၄:၄၈-၅၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်