ရောဗောင်၊ ရှောလု၊ ဩဇိ၊ အာခတ်နဲ့ ဇေဒကိလိုမျိုး ဘုရင်တွေဟာ သူတို့နိုင်ငံက
ပိုအားကောင်းလာတာနဲ့အမျှ မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး မာနကြီးလာခဲ့ကြပါတယ်။
နောက်ဆုံးမှာ၊ သူတို့ဟာ ဘုရားသခင်ကို ပြစ်မှားပြီး ပျက်စီးသွားခဲ့ကြပါတယ်။
တစ်ဖက်မှာ၊ ယောသံ၊ ဒါဝိဒ်၊ ဒံယေလနဲ့ သူ့ရဲ့သူငယ်ချင်းသုံးယောက်ဟာ
ဘုရားသခင်အပေါ် အမြဲသစ္စာရှိပြီး ဘုရားသခင်ရဲ့ကောင်းချီးကို ရရှိခဲ့ကြပါတယ်။
ဒါဟာ ဒီနေ့ခေတ် ဘုရားသခင်၏အသင်းတော် အဖွဲ့ဝင်တွေ လိုက်နာသင့်တဲ့
ယုံကြည်ခြင်းလမ်းညွှန်ချက်ကို ပြသတဲ့ အရေးကြီးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။
အခြေအနေတွေအပေါ် ယိမ်းယိုင်နေတဲ့ ယုံကြည်ခြင်းမဟုတ်ဘဲ၊
ဘုရားသခင်အပေါ် အမြဲတမ်း သစ္စာရှိသင့်ပါတယ်။
ဒီအပြင်၊ သူတို့ဟာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ အကူအညီကို
ယုံကြည်သင့်ပြီး နှုတ်ကပတ်တော်အတိုင်း ဧဝံဂေလိကို လုပ်ဆောင်သင့်ပါတယ်။
အဲဒီနောက်၊ ဘုရားသခင်ဟာ ဒါဝိဒ်ရဲ့နိုင်ငံလိုမျိုး ကမ္ဘာတစ်ဝန်းလုံးမှာ ဇိအုန်ကို ဘုန်းကြီးစေပြီး၊
ကြွယ်ဝချမ်းသာစေပြီးတော့ ထင်ရှားစေမှာဖြစ်ပါတယ်။
ထိုသို့ရှောလုသည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ လွန်ကျူး၍
ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ထာဝရဘုရားကို မမေးမြန်းဘဲ
နတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည်
သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။
ရာဇဝင်ချုပ်ပထမစောင် ၁၀:၁၃-၁၄
ထိုသို့ ယောသံသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌
မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွားသတည်း။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၇:၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်