မောရှေခေတ်မှာ၊ ဘုရားသခင်ဟာ ပသခါပွဲစောင့်တဲ့ ဣသရေလလူမျိုးတွေကို ဘေးဒဏ်ကနေ ကယ်တင်ပေးပြီး၊ ပသခါပွဲမစောင့်တဲ့ အဲဂုတ္တုလူတွေရဲ့အိမ်တွေအားလုံးကို ကြီးမားတဲ့ ဘေးဒဏ်ပေးခဲ့ပါတယ်။ ဒီအရာဟာ ဒီနေ့ခေတ်မှာ ဘေးဒဏ်ကနေ ကယ်တင်ခံရပြီး ထာဝရအသက်ရတဲ့နည်းလမ်းကို ပြသနေပါတယ်။
ပဋိညာဉ်တရားသစ် ပသခါပွဲဟာ လူသားတွေက ဘုရားသခင်ရဲ့အသွေးအသားကို အမွေဆက်ခံပြီး၊ ဘုရားသခင်ရဲ့သားသမီးတွေအဖြစ် တံဆိပ်ခတ်ခြင်းခံရတဲ့နေ့ဖြစ်ပြီးတော့၊ ကောင်းကင်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်ခံရပြီး၊ ထာဝရအသက်ရရှိတဲ့နေ့ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားသခင်ဟာ တစ်ကမ္ဘာလုံးက ပသခါပွဲကို စောင့်ပြီး ကယ်တင်ခြင်းရရှိဖို့အတွက် စိတ်ထက်သန်နေတဲ့အတွက်၊ သန့်ရှင်းသောပြက္ခဒိန်အရ ဒုတိယလ (၁၄)ရက်မှာ ပသခါပွဲကိုစောင့်ဖို့ အခွင့်အရေးတစ်ကြိမ် ပေးထားခဲ့ပါတယ်။
သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ ... ထာဝရဘုရားအဖို့ ပသခါပွဲကိုခံရမည်။ ဒုတိယလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်။ ... ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူသည် ထာဝရဘုရားအဖို့ ပူဇော်သကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကိုခံရမည်။
တောလည်ရာကျမ်း ၉:၁၀-၁၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်