ဘုရားသခင်ရဲ့ကတိတော်ကို ချိုးဖောက်ပြီး သန့်ရှင်းခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းကို သွေဖည်သွားမယ်ဆိုရင်၊ တရားစီရင်ခြင်းခံရမှာဖြစ်ပါတယ်။ နောဧခေတ်၊ သောဒုံနဲ့ ဂေါမောရခေတ်နဲ့ ဒီနောက်ဆုံးခေတ်မှာ ဘုရားသခင်က ကမ္ဘာကို တရားစီရင်တဲ့နောက်ကွယ်မှာ တူညီတဲ့အကြောင်းရင်း ရှိပါတယ်။ လူတွေဟာ ဘုရားသခင်ကို စွန့်ပစ်ပြီး ပုန်ကန်ပြီး၊ ဆိုးညစ်လာပြီး ဖောက်ပြန်လာကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒီနေ့၊ နောဧလိုမျိုး ကျွန်ုပ်တို့ဟာ မမြင်ရသေးတဲ့အရာအပေါ် ခိုင်မာတဲ့ယုံကြည်ခြင်း ရှိရမှာဖြစ်ပါတယ်။ ဘုရားသခင်က ဆိုးညစ်တဲ့ကမ္ဘာကို မီးအားဖြင့် စစ်ကြောစီရင်မယ်ဆိုတဲ့ ကျမ်းစာရဲ့ကြိုတင်ဟောစကားကို ယုံကြည်ပြီး၊ ဘုရားသခင်၏အသင်းတော်ဟာ ကမ္ဘာကို ဘေးဒဏ်ကနေ ကယ်တင်မယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်ပါရှိတဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲကို ဟောပြောနေပါတယ်။
ဖြစ်ဖူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ် မရှိကြ။ ယခုရှိသော မိုးကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၃:၆-၇
...ထာဝရဘုရား၏ ပသခါဖြစ်သတည်း။ သိုးသငယ်၏အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကိုငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကိုမသင့်မရောက်ရ။ ထွက်မြောက်ရာကျမ်း ၁၂:၁၁-၁၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်