ဒီနေ့ခေတ်မှာ ခရစ်တော် အန်ဆန်ဟုန်းဟာ ကြိုတင်ဟောစကားအတိုင်း ဒီမြေကြီးကို ကြွလာတော်မူပြီး၊ ဘုရားသခင်၏အသင်းတော်ကို တည်ထောင်တော်မူခဲ့ပါတယ်။ သူဟာ “ငါသည် အမေ့နောက်သို့ လိုက်သည်”လို့ မိန့်တော်မူရင်း ကြိုတင်ဟောစကားအတိုင်း ယေရုရှလင် ကောင်းကင်အမေကို အသိပေးတော်မူခဲ့သလို၊ ကြိုတင်ဟောစကားအတိုင်းပဲ ယေရုရှလင် ကောင်းကင်အမေရဲ့ ဘုန်းတော်ဟာ ဒီမှောင်မိုက်တဲ့ကမ္ဘာမှာ မျှော်လင့်ချက်အလင်း ဖြစ်လာနေပါတယ်။
ဒါဟာ ဘုရားသခင် ဦးဆောင်တော်မူတဲ့ ဧဝံဂေလိဖြစ်တယ်ဆိုတာကို ယုံကြည်ပြီး မိသားစုဝင်တွေက ယေရုရှလင်ရဲ့ အလင်းကို ထွန်းလင်းစေတဲ့အတွက်၊ တစ်ကမ္ဘာလုံးက ဘာသာစကားနဲ့ ယဉ်ကျေးမှုမတူတဲ့ လူမျိုးတွေဟာ ဇိအုန်ကို အလျင်အမြန် ပြန်လာနေကြပါတယ်။ ဒါ့အပြင် ဘုရားသခင်ဟာ ကြိုတင်ဟောစကားကို ယုံကြည်ပြီး ယေရုရှလင် ကောင်းကင်အမေရဲ့ ဘုန်းတော်ကို ထွန်းလင်းစေတဲ့ သားသမီးတွေအတွက် “သူတို့ဟာ ကောင်းကင်နိုင်ငံမှာ ကမ္ဘာအဆက်ဆက် စံစားရလိမ့်မယ်”ဆိုတဲ့ ကတိတော်ကို ပြည့်စုံစေတော်မူပါတယ်။
ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်။ ဟေရှာယအနာဂတ္တိကျမ်း ၆၀:၂–၃
သို့သော်လည်း၊ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစားကြလတ္တံ့ဟု အနက်အဓိပ္ပာယ်ကို ကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း ၇:၁၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်