ဘုရားသခင်ဟာ သိုးထိန်းရဲ့တောင်ဝှေးအားဖြင့် ပင်လယ်နီကိုလည်း ခွဲခဲ့ပြီး ကျောက်ထဲကနေလည်း ရေထွက်စေခဲ့သလိုမျိုး ဘုရားသခင်ရဲ့လက်တော်ထဲမှာ ကိုင်ထားခံရမယ်ဆိုရင် အဲဒီအရာက ဘာပဲဖြစ်နေပါစေ အမြဲတမ်း ကြီးမားတဲ့စွမ်းအားကို ထုတ်ဖော်နိုင်ပါတယ်။
ဒီနေ့ခေတ်မှာ “ရှမာရိပြည်နဲ့ မြေကြီးအစွန်းထိ ဧဝံဂေလိကို ဟောပြောကြလော့”ဆိုတဲ့ တာဝန်ကို ရရှိတဲ့ ဘုရားသခင်၏အသင်းတော်လည်း တစ်ဦးချင်းစီရဲ့စွမ်းရည်အားဖြင့်မဟုတ်ဘဲ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် ကမ္ဘာ့ဧဝံဂေလိကို ပြီးမြောက်စေနေပါတယ်။
မြည်းမေးရိုးတစ်ချောင်းတည်းနဲ့ ဖိလိတ္တိလူတစ်ထောင်ကို အနိုင်ယူခဲ့တဲ့ ရှံဆုန်လိုမျိုး၊ ဧရာမဂေါလျတ်နဲ့ တိုက်ခိုက်ခဲ့တဲ့ လူငယ်လေး ဒါဝိဒ်လိုမျိုး၊ ငါးဖမ်းတဲ့ တံငါသည်တွေဖြစ်ခဲ့ကြတဲ့ ပေတရု၊ ယောဟန်နဲ့ ယာကုပ်လိုမျိုး၊ ဒီခေတ်မှာလည်း ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို ယုံကြည်ပြီး ကောင်းကင်နိုင်ငံကို မျှော်လင့်တဲ့သူတွေဟာ ကြီးမြတ်တဲ့သမိုင်းကို ဖန်တီးနေကြပါတယ်။
ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိ အများမပါ။ ထင်ရှားသောလူကြီး အများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူ အများမပါ။ ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။ . . . ထိုကြောင့်၊ ဘုရားသခင်ရှေ့ ၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။ ကောရိန်သုသြဝါဒစာပထမစောင် ၁:၂၆–၂၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်