ယေရှုခရစ်ဟာ လူသားအဖြစ် ကြွလာတော်မူပြီး၊ လူသားတွေ စားသုံးသော အစားအစာကို စားသုံးတော်မူပြီး လူသားတွေလို အသက်ရှင်နေထိုင်တော်မူခဲ့တာကြောင့်၊ လူများစွာက ကိုယ်တော်ကို ဘုရားသခင်ဖြစ်တော်မူကြောင်း အသိအမှတ်မပြုဘဲ ငြင်းပယ်ခဲ့ကြပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာဟာ ယေရှုခရစ် လူ့ဇာတိဖြင့် ကြွလာတော်မူကြောင်း ဝန်ခံတဲ့ ဝိညာဉ်တိုင်းက ဘုရားသခင်ဆီကနေ ဖြစ်ပြီး၊ ယေရှုခရစ် လူ့ဇာတိအားဖြင့် ကြွလာတော်မူကြောင်း ဝန်မခံတဲ့ ဝိညာဉ်တိုင်းက အန္တိခရစ်ရဲ့ဝိညာဉ် ဖြစ်တယ်လို့ သွန်သင်ပေးထားပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ လူသားတွေရဲ့ ကယ်တင်ခြင်းအတွက် ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်က ကြွလာတော်မူခဲ့ပါတယ်။ လူသားတွေဟာ ဘုရားသခင်ပေးတော်မူတဲ့ ကယ်တင်ခြင်းရဲ့ကောင်းချီးကို ရရှိဖို့၊ အရင်ဦးဆုံး သူတို့ရဲ့အတွေးအမြင်တွေကို စွန့်လွှတ်ပြီး၊ “ဘုရားသခင်သည် လူ့ဇာတိဖြင့် ဒုတိယအကြိမ် ကြွလာတော်မူမည်”လို့ ဟောထားတဲ့ သမ္မာကျမ်းစာရဲ့ ပရောဖက်ပြုချက်ကို ယုံကြည်ရပါမယ်။
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏။ ဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။ တိမောသေဩဝါဒစာပထမစောင် ၂:၄–၅
ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ... အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။ ရှင်ယောဟန်ဩဝါဒစာပထမစောင် ၄:၂–၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်